Chapter 17(zg)

514 10 0
                                    

ညကအိပ်ရာဝင်နောက်ကျကုန်တာကြောင့် နော်ဖောမနက်၉နာရီကျော်လောက်မှနိုးတယ် ဘေးနားကိုကြည့်လိုက်တော့ ဖြူကအိပ်ပျော်နေတုန်းမို့ ပါးလေးကို အာဘွားပေးလိုက်ရင်း မှန်တင်ခုံအောက်အံဆွဲမယ် hotelမှအသင့်ပြင်ပေးထားတဲ့ Bathrobeတထည်ထုတ်လိုက်ပြီး ရေချိုးခန်းကိုထွက်လာလိုက်တယ်

ရေပန်းကိုဖွင့် ဇိမ်ပြေနပြေ ရေချိုးနေလိုက်တာ ဘယ်လောက်ကြာသွားလဲတောင်သတိထားမမိလိုက်.....

<ကျွီ!>

ရေချိုးခန်းတံခါးပွင့်သံကြားလို့ ကြည့်မိတော့ ဖြူရယ်ပါ အိပ်ချင်မူးတူးမျက်လုံးလေးမှေးပြီး ဝင်ချလာတော့ နော်ဖောကြောင်ပြီးကြည့်နေမိလိုက်တာပေါ့ ဖြူကတော့ နော်ဖောရေချိုးခန်းထဲမယ်ဆိုတာကို မသိသေးဘူး ရေချိုးခန်းက အိမ်သာခန်းနဲ့ပါတွဲထားတာလေ သူမက ထမိန်လေးကိုလျှောချပြီး အိမ်သာခွက်ပေါ် ထိုင်ချလိုက်တော့မှ.....

"အဟမ်း! အဟမ်း! "

"Hmm!😲 AhHh.....!အနော် ဒီမယ်အိမ်သာတက်နေတာလေ ဘာလို့ဝင် ဟယ် ဘာမှမဝတ်ထားဘူး😷"

နော်ဖောကNakedကြီးနဲ့ချိုးနေတာလေ ဒီတော့ နော်ဖောရဲ့မိမွေးတိုင်း ဖမွေးတိုင်းကြီးကို ဖြူမြင်တော့ သူ့မျက်နာသူ လက်ဝါးနှစ်ဘက်နဲ့ အုပ်ပစ်လိုက်ရတာပေါ့ ဒီတော့ နော်ဖောက.....

"အနော်ရေချိုးနေတာကို ဖြူကဝင်လာတာလေ ဖြူနော် အခွင့်အရေးယူချင်တဲ့သဘောလား"

ဖြူကမျက်နာကိုအုပ်ထားတဲ့လက်ဝါးလေးကြားထဲက နော်ဖောကိုကြည့်လိုက်ပြန်ရင်းက ဒီတိုင်းကြီးပဲဆိုတော့ ပြန်ပိတ်ကာရှက်ပြီးပြောလာပြန်တယ်

"အနော်ရယ်အဝတ်အရင်ဝတ်ပါဦး ပြီးမှပြောပါ"(သူကလုံလုံခြုံခြုံနဲ့ကို😂)

နော်ဖောလည်း သဘောကျပြီး တဟားဟားနဲ့အော်ရယ်လိုက်တယ် ပြီးတော့ ရေပန်းကိုပိတ်လိုက်ကာ Bathrobeကို ကိုယ်မယ်ပတ်လိုက်တယ်

"ရပြီ ရပြီ"

ဖြူကအရင် ခုနကလိုခိုးကြည့်ပြီး သေချာမှ ရေချိုးခန်းထဲကပြေးထွက်သွားလေရော

"ဟာ! ဖြူ အီးတွေဆေးဦးလေ ညစ်ပတ်လိုက်တာ"

"အီးမပါဘူး သေးပေါက်တာ သေးပေါက်တာ"ဆိုပြီး ဖြူအပြင်ကပြန်အော်တယ်

Love Is LoveWhere stories live. Discover now