Chapter 59(uni)

892 63 6
                                    

ဖြူလဲဆုံးဖြတ်ထားတဲ့အတိုင်းပဲ ရန်ကုန်ကိုသွားဖို့ပြင်ဆင်နေတုန်း တောင်ကြီးကပြန်လာတဲ့အစောကရောက်ရောက်ချင်း ဖြူ့ဆီလာကာဘယ်သွားမို့လဲမေးလို့ ပြောပြတော့ အဲ့သူဌေးက တောင်ကြီးမယ်ဆိုတာ TVထဲမယ်ပါတယ်တဲ့
အခုက သူ့အစ်မCompanyမယ်ဆိုပြီးပြောလာတော့ ဖြူထပ်ငိုင်သွားရတယ် နော်ဖောနဲ့တောင် သူတော်တော်စိတ်အားတင်းရမှာ လဲ့လဲ့နဲ့ဆိုသူဘယ်လိုအားတင်းရမလဲ နောက်ဆုံးတွေ့ခဲ့တုန်းက လဲ့လဲ့ရဲ့ပုံစံကို ဖြူအသိ ဖြူ့ကိုရွံမုန်းနေတာမလား
ဒါပေမယ့် ရွာလေးကလူတွေရဲ့မျက်နာလေးတွေမြင်ယောင်ပြန်တော့လဲ ဖြူစိတ်မကောင်း
ဘာပဲဖြစ်ဖြစ် သူတို့ကြိုက်တာလုပ်ပါစေ သွားတော့တွေ့ရမှာပဲဆုံးဖြတ်လိုက်တယ် ဘာတွေဖြစ်လာနိုင်လဲအထိစဥ်းစားပြီးနောက်ပေါ့လေ

ဒီလိုနဲ့တောင်ကြီးရောက်လာခဲ့တယ် တောင်ကြီးက ကြီးကြီးအမွေပေးထားတဲ့ခြံလေးရှိတယ်လေ သူကမောင်လေးကိုပေးထားပြီးသားဆိုတော့ အခုမောင်လေးရဲ့အမည်ပေါက်နဲ့ပေါ့
ခနနားပြီးရေမိုးချိုးကာ လဲ့လဲ့ရဲ့ Companyဆီလာခဲ့လိုက်တယ်
ရောက်တော့ reception roomကမိန်းကလေးတယောက်နဲ့စကားပြောရတယ်

"ဘာကိစ္စရှိလို့ပါလဲရှင်"

"ဟို..နော်ဖောလဲ့ထားနဲ့တွေ့ချင်လို့ပါ"

"ဥက္ကဌနဲ့appointmentရှိပါသလား နာမည်လေးပြောပြပေးပါလားရှင့်"

"မရှိပါဘူး သူငယ်ချင်း..သူ့သူငယ်ချင်းပါ နာမည်က ဇွန်ပွင့်ဖြူလို့ခေါ်ပါတယ်"

"Aww ဒါဆို အမခဏလေးဒီမယ်စောင့်ပေးပါ ညီမသွားပြောပေးပါ့မယ်"

"ဟုတ်"

Receptionကမိန်းကလေးက ထွက်သွားပြီး ခနအကြာမယ်ပြန်ရောက်လာကာ သူမကိုတွေ့လို့ရပြီပြောကာ လဲ့လဲ့ရုံးခန်းဆီခေါ်သွားပေးတယ် တံခါးရှေ့ရောက်တော့ ဒီအခန်းပါ ဝင်သွားလိုက်ပါပြောပြီးထွက်သွားတယ်
ဖြူလဲဝင်သွားဖို့ကို ချီတုံချတုံဖြစ်ပြီး အထဲမယ် နော်ဖောကောရှိနေမလား ဒါမှမဟုတ်လဲ့လဲ့တယောက်တည်းလား တခြားသူတွေကောရှိနေမလားနဲ့တွေးပြီး တွေ့ဖို့ဆုံးဖြတ်ပြီးလာတာပဲဆိုကာ တံခါးကိုတွန်းဖွင့်ပြီးဝင်လိုက်တော့ အခန်းထဲကနေဖြူရှိတဲ့ဘက်ကိုကြည့်နေတဲ့ နော်ဖောနဲ့လဲ့လဲ့တို့ကိုတွေ့လိုက်ရတယ်
တွေ့တွေ့ချင်းပဲ နော်ဖောကစကားစပြောတယ် ဖြူ့ကိုမဟုတ် လဲ့လဲ့ကိုပြောလိုက်​ြခင်းပါ

Love Is LoveWhere stories live. Discover now