(Announcement)

2.2K 80 3
                                    

Unicode....

ဤဇာတ်လမ်းဝတ္ထုသည် စိတ်ကူးယဥ်ဝတ္ထုသက်သက်မျှသာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက် အဖွဲ့အစည်းကိုမှ စော်ကားလိုစိတ်အလျဥ်းမရှိပါ။

ဟုတ်ကဲ့ ကျွန်တော်ရဲ့ ဒုတိယမြောက် ဝတ္ထုလေးလာပါပြီ။ ပိုးစုန်းကြူးငယ် (S1+S2) ပြီးတဲ့နောက်အချိန်ပေးပြီးရေးဖြစ်တဲ့ ဝတ္ထုပေါ့လေ။

ဝတ္ထုဇာတ်လမ်းကတော့ IDOL ဆိူတဲ့နာမည်အတိုင်း K Pop idol တစ်ယောက်အကြောင်းဖြစ်ပါတယ်။
Korean Wave ဟာ တစ်ကမ္ဘာလုံးကိုလွှမ်းခြုံလာပြီး K Pop idol တွေအနေနဲ့ အနောက်တိုင်းအဆိုတော်တွေနဲ့ရင်ဘောင်တန်းလာကြပါပြီ။ ထိုင်းက LISA (BLACKPINK), Bam Bam (GOT7), Nickhun (2PM), Ten(NCT) တို့ထွက်တယ်။ ဂျပန်ကနေ Twice Members, Treasure members တွေထွက်တယ်။ တရုတ်ကနေ Lay, Luhan, Tao, Lucas, Jackson တို့ထွက်တယ်။ အဲ့လိုကိုယ့်နိုင်ငံကနေလည်း ကမ္ဘာကျော်တဲ့ K pop idol တစ်ယောက်ထွက်စေချင်တဲ့ရည်ရွယ်ချက်နဲ့ စိတ်ကူးယဥ်ဇာတ်အိမ်တည်ပြီး အခမ်းနားဆုံးဖြစ်အောင်ရေးသားထားပါတယ်။

ဒီဝတ္ထုထဲမှာ နိုင်ငံကျော်မင်းသားမင်းသမီး အဆိုတော်တေးသံရှင်တို့ရဲ့နာမည်ကိုရော.....သူတို့၏သီချင်းများကိုပါ..... လိုသလိုမန်းရှင်းထားသည်မို့ ကြိုတင်ခွင့်တောင်းအပ်ပါသည်ခင်ဗျာ။ မန်းရှင်းထားသည့်အနုပညာရှင်များမှာလည်း တော်လှန်ရေးကာလမှာပြည်သူ့ဘက်ကရပ်တည်ပေးခဲ့ကြသည့် အနုပညာရှင်များချည်းဖြစ်တာမို့ ဤဝတ္ထုနှင့်ဂုဏ်ပြုချင်တဲ့ရည်ရွယ်ချက်လည်းပါပါသည်ခင်ဗျာ.....။

ပြီးတော့ Idol တစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းမို့လို့ အချစ်ရေးကိစ္စက အရမ်းကြီး Highlight ဖြစ်မှာမဟုတ်ပါဘူး။ သင်တန်းသားဘဝ၊ Idol ဘဝမှာကြုံရမယ့် Scandal တွေ၊ ပင်ပန်းတာတွေ၊ ကြိုးစားခဲ့ရပုံတွေ၊ Dating သတင်းတွေအစူံစုံအဖုံဖုံပါဝင်မှာပါ။

နောက်ထပ်ခွင့်တောင်းရမှာတစ်ဦးက ခုယူသုံးထားတဲ့ Cover ပုံရဲ့ပိုင်ရှင်ကိုပါပဲ။ Pinterest ကနေ ဝတ္ထုနဲ့လိုက်မယ့်ပုံကိုစိတ်ကြိုက်ရှာခဲ့တာ တော်တော်နဲ့မတွေ့ဘူး။ Idol နဲ့ပတ်သတ်ရင် Stage ပေါ်မှာကြည့်လို့အကောင်းဆုံးဖြစ်မယ့်သူကိုစိတ်ကူးယဥ်ကြည့်တဲ့အခါ Center တွေရဲ့ Center Kai ကိုသွားမြင်မိလို့ ရှာကြည့်ရင်းကနေ စိတ်ကြိုက်ပုံလေးတွေ့ခဲ့ရပါတယ်။ ပုံကိုအလောတကြီးဆေ့ပြီးမူရင်းပိုင်ရှင်ကိုမမြင်မိလိုက်ဘူး။ ပြန်ရှာတော့ပျောက်သွားတာမို့ မူရင်းပိုင်ရှင်ကို ဒီနေရာကပဲ Credit တောင်းပါရစေခင်ဗျာ။ အကယ်၍ ယူသုံးခွင့်မရှိဘူးဆိူရင်လည်း လာပြောပေးပါခင်ဗျာ။ ကျွန်တော်ပြန်ပြောင်းလိုက်ပါ့မယ်။

IDOLWhere stories live. Discover now