18 (Zawgyi)

177 5 3
                                    


"ဟေး....ဆိုပြီးတော့ဗျာ အသံကြီးကိုအကျယ်ကြီးပဲ မေမေရယ်။ အရှေ့ကအဆိုတော်တွေတောင် သားလောက်မကျယ်ဘူး"

မေမေရောဖေဖေရော ပြုံးပြီးတော့သာကြည့်နေတော့လေသည်။ အပျော်တွေအတောမသတ်သေးသည့် သားဖြစ်သူရဲ့ ထပ်ခါတလဲလဲသောအကြောင်းအရာများသည် သူတို့နားထဲမှာလည်းကြားမဝအောင်ရှိ​နေကြသည်။ ပြန်ရောက်ကတည်း​က တောက်လျှောက်မနားတမ်းပြောနေတာ ခုထမင်းစားသည်အထိမပြီးပြတ်သေး။

"အဲတော့ သားသက်ထင်ကို ကျေးဇူးတင်စကားပြောလိုက်ဉီးပေါ့"

"ပြောရမှာပေါ့။ အစ်ကိုက သားကိုအများကြီးကူညီထားတာ"

မေမေ မပြောတောင် ညီညီ့မှာအစ်ကို့ကိုဖုန်းဆက်ဖို့အစီအစဉ်ကရှိပြီးသား။ ခုနေ့တစ်ညတောင် အစ်ကိုကသူ့အိမ်မှာနေပါဉီးပြောသေးတာ။ ညီညီလည်း ဘာစိတ်ပေါက်တယ်မသိပါဘူး။ မေမေ့ကိုပဲကြွားချင်စိတ်ကြောင့်ပဲလား။ မဟုတ်သေး။ မေမေကပွဲအောက်ကနေကြည့်နေရတာပဲလေ။ တမင်ကြွားနေစရာမှမလိုတာ။ ဘာကြောင့်ရယ်မသိ အိမ်ကိုသာလျှင်ပြန်လာချင်စိတ်တွေပေါက်နေတာ။

ခု​ထိ စင်ပေါ်တုန်းကလိုမျိုး သွေးတွေပူပူနွေးနွေးကြီး လှည့်ပတ်စီးဆင်းနေတုန်း။

"ကဲ သား အဲ့တော့ မေမေပြောထားတာစဉ်းစားပြီးပြီလား"

မေမေ့မေးခွန်းကို ညီညီရုတ်တရက်နားမလည်လိုက်။ အင်တင်တင်နဲ့ခဏလောက်စဉ်းစားလိုက်မှ မှတ်မိသွားသည်။ အဖြေတစ်ခုလည်း ရှိနေသလိုခံစားရသည်။ သို့သော်လည်း သေချာချင်သေး၍ အချိန်ယူဉီးမည်။

"အချိန်နည်းနည်းတော့ထပ်ပေးပါဉီး မေမေ"

"တစ်လပြည့်တော့မယ်နော်။ ဒီနေ့ပဲအဖြေကိုသိဖို့ကောင်းပြီ"

"သားဒီနေ့အများကြီးသိလိုက်ရပါတယ်။ သီချင်းဆိုရတာကိုကြိုက်တယ်၊ လူတွေအများကြီးကိုဆိုပြရတာကိုကြိုက်တယ်။ အဆိုတော်လည်းလုပ်ချင်တယ်။ ဒါမယ့် စဉ်းစားဉီးမယ်"

"စဉ်းစားပါစေကွာ။ Idol တစ်ယောက်ဖြစ်ဖို့ကိစ္စ အများကြီးစဉ်းစားရမှာပေါ့။ စား စား ဒီနေ့အားတွေအများကြီးသုံးထားရတာ အများကြီးစား သား"

IDOLWhere stories live. Discover now