40 (Uni)

355 34 2
                                    

အား.....။
ခေါင်းတွေကိုက်လိုက်တာ။ တဆစ်ဆစ်နဲ့ထိုးကိုက်နေတော့တာပဲ။ မျက်လုံးပွင့်လာလျှင်ပဲ မူးရိပ်ရိပ်နဲ့ မြင်ရသမျှက ဘာမှပီပီသသမရှိ။

မျက်လုံးကိုကျစ်ကျစ်ပါအောင်မှိတ်ပြီးမှ ဖွင့်လိုက်တော့ မြင်ရပါပြီ။ မျက်နှာလေးတစ်ခု။
နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်နေတဲ့မျက်နှာ​။
ညီညီနဲ့ရင်းနှီးတဲ့မျက်နှာ။

အတိအကျဆိုရင် ဒါက ဇေ့မျက်နှာ။ ဘုရား...။

တစ်မိုးအောက်ကတစ်ယောက်ဖွား ဇေသုခလင်းထက် ညီညီစောပြီးနိုးနေတာပေါ့။ ခါတိုင်း ဇေကအရင်ဆုံးနိုးနိုးနေတတ်တာလေ။ သူ့ကိစ္စဝိစ္စတွေအကုန်လုပ်ပြီးမှ ကိုယ့်ကိုယ်နှိုးတာ။ ကိုယ်ဘယ်လောက်စောထထ ကိုယ်နိုးတဲ့အချိန်တိုသူက အကုန်အပြီးအစီးဖြစ်နေပြီ။

ညကအရက်အရှိန်နဲ့ အကြီးအကျယ်အိပ်ထားတဲ့သူ နိုးတာတောင်မနိုးသေးဘူးဆိုတော့ နံရံပေါ်ကနာရီလှမ်းကြည့်လိုက်သည်။

၈နာရီခွဲ.....။

တစ်ခုခုတော့မှားနေပြီ။ အိပ်ပျော်နေတာတော့မဟုတ်တန်ရာ။ သတိများမေ့နေတာလား။
ခေါင်းကိုက်ရတဲ့အထဲ အတွေးပေါင်းသောင်းခြောက်ထောင်ဝင်ပြီးနှိုးမည်အပြု ဖုန်းမြည်သံထွက်လာသည်။

ညီညီ့ဖုန်းသံမဟုတ်။ ဇေ့ဖုန်းသံ။ ကိုယ့်လက်မောင်းတစ်ဖက်အပေါ် သူကအုံးအိပ်နေတာမို့ ကိုယ်တစ်ခြမ်းကကြွမရ။ ကြွရင်နိုးသွားလိမ့်မည်။

တစ်ဖက်စားပွဲပေါ်ကဖုန်းကို ကြိုးစားယူလိုက်ပြီး
ကြည့်တော့ "အန်တီချို"ဟုမှတ်ထားတာမို့ မေမေဆက်တာမှန်းသိလိုက်၏။ တစ်ဆက်တည်းမှာ Missed call သုံးခါတောင်။ အလုပ်သွားချိန်အထိမနိုးသေးမှတော့ ဖုန်းဆက်နှိုးပြီပေါ့။ မေမေဒေါမကန်ရင်​တောင် ကံကောင်း။

"ဟယ်လို"

"အင်း သားဇေ..... အန်တီ ကုမ္ပဏီကတစ်ယောက်ယောက်ကိုလာကြိုခိုင်းလိုက်ပြီ။
မနိုးလောက်သေးဘူးထင်လို့"

မေမေကမဆူပေ။ ခါတိုင်း စိတ်အခန့်မသင့်ရင်သာ အော်တတ်ဆူတတ်ပေမယ့် တော်ရုံဆန်ရုံမဆူတတ်။

IDOLWhere stories live. Discover now