35 (Uni)

297 31 1
                                    


"Talking by Idol"

Variety Show တစ်ခုသို့ Artist-K ဖိတ်ကြားခံရသည်။ Artist-K ပွဲဦးထွက်ပင် ၃လကျော်ခဲ့ပြီ။

Activities တွေဆိုတာလည်း သွားသင့်သလောက်သွားခဲ့ရပြီ။ တစ်ပတ်တာအချိန်ဇယားမှာ တောက်လျောက်ကွက်လပ်ကြီးဖြစ်နေတာမျိုးကရှားသည်အထိကို ကိုယ်တွေပတ်သွားနေရတာဖြစ်သည်။

မြန်မာဘက်က ကြော်ညာ၊ သီချင်း ကမ်းလှမ်းမှုတွေမှအများကြီးပဲတဲ့။ Artist-K ရဲ့သက်တမ်းကနုသေး၍ အကုန်ငြင်းရသည်တဲ့။
နှမြောလိုက်တာ။ တော်တော်ဖင်ခေါင်းကျယ်တယ်အပြောခံရရင်တော့ဒုက္ခ။

"Artist-K ထဲမှာ စိတ်ဝင်စားခံရဆုံး မန်ဘာတစ်ယောက်က Eagle ဆိုရင်မမှားဘူးပေါ့နော် .... Eagle အကြောင်း မန်ဘာတွေကပြောပြပေးပါဦး"

ပထမဆုံးက ချွဲချောင်ဟီး။

"အဲ....Eagle ကိုစတွေ့တုန်းက အင်တာတိန်းမန့်က သင်တန်းသားတွေကိုသင်ပြပေးတဲ့ဆရာလို့ထင်သွားတာ"

"အဟက်"(ညီညီ့ရယ်သံ)

"ဘာလို့ဆို အသံလည်းတအားကောင်းပြီး အကလည်းတအားတော်တာလေ။ လူရွေးပွဲမှာလာလျှောက်တယ်လို့ကိုမထင်တာ။ သင်တန်းသားအဖြစ်နဲ့ပြန်တွေ့တော့ ကျွန်တော်တွေးမိတာက အာ.....သူနဲ့သာပွဲဦးထွက်ရမယ်ဆိုရင် ငါ့အတွက်တော့ဘုရားမတာပဲဆိုပြီးတော့ပေါ့"

ချောင်ဟီးပြောတာလးက ညီညီ့ကိုနွေးထွေးသွားစေသည်။

"ဂိုမားဝေါ ချောင်ဟီး"

နောက်တစ်ယောက် ပက်ခ်ဆိုးချန်။

"ကျွန်တော်နဲ့ Eagle နဲ့က လူရွေးပွဲမှာအမှတ်စဥ်တစ်သုတ်တည်းလေ။ သူများပြိုင်နေတာမကြည့်အားဘူး ကိုယ့်အပူနဲ့ကိုယ်မို့။ ဒါပေမယ့် Eagle ပြိုင်တဲ့အချိန်မှာကျွန်တော်လုံးဝမင်သက်သွားတာ။ ဝါး....လုံးဝတော်လိုက်တာပေါ့။ အရှေ့ကလူတွေမအောင်ကြတာများလို့ ကိုယ်စိတ်ဓာတ်ကျနေတုန်း Eagle ကြောင့် ကျွန်တော်အားပြန်တက်သွားတာ။ Eagle ကအရည်အချင်းရှိတဲ့အပြင်ကို ကြိုးစားပြီးရင်းကြိုးစားတဲ့တကယ့်ရှားမှရှားလေးပါ...."

"ဂိုမားဝေါ ဆိုးချန်းရား..."

နောက်တစ်ယောက် ကင်ဒယ်ဟို။

IDOLWhere stories live. Discover now