58 (Uni)

362 37 5
                                    

"Cheers!!!"

အရက်တစ်ဝက်ပါသည့်ဖန်ခွက်များသည် လေထဲတွင်စုကာ ခွက်ချင်းတိုက်မိသံများထွက်လာကြသည်။

"Lolipop ရုပ်ရှင် ကောင်းကောင်းထွက်လာနိုင်အောင်ကြိုးစားပါ့မယ်။ သက်ဆိုင်ရာကဏ္ဍကနေ အတူတကွကြိုးစားပေးခဲ့ကြတဲ့ အဖွဲ့သားအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ ရှေ့လျှောက်ရုံတင်တဲ့အခါကျရင် လူတိုင်းရဲ့ပါးစပ်ဖျားမှာစွဲသွားစေမယ့် ဇာတ်ကားတစ်ကားဖြစ်လာစေရမယ်လို့ ကတိပေးပါတယ်"

"ဟေး....."

မနေ့က ရုပ်ရှင်ရိုက်ကူးရေးအားလုံးပြီးစီးသွား၍ ကနေ့ Lolipop ရုပ်ရှင်အဖွဲ့သားအားလုံး ပြီးမြောက်ခြင်းအထိမ်းအမှတ်နှင့် ဆိုင်ကြီးကြီးတစ်ဆိုင်တွင် Dinner စားဖြစ်ကြသည်။ စားပြီးနောက် အဖွဲ့ငယ်သားများကိုပြန်စေပြီး လူကြီးပိုင်းလောက်သာ ဘားတစ်ခုခုတွင် ဆက်သောက်ဖြစ်ကြသည်။

ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာ၊ မင်းသားမင်းသမီး၊ ဇာတ်ပို့မင်းသားမင်းသမီးနှင့် တာဝန်ယူထားမှုနည်းနည်းကြီးသည့်သူများပါဝင်သည်။

သက်ထင်လည်း ခုရက်ထဲ စိတ်တွေညစ်နေပေ
မယ့် အလုပ်သဘောအရမငြင်းကောင်း၍ ပါလာရသည်။ ဒီနေ့ပွဲတောင်သိပ်စိတ်ပါမနေ။ သက်ထင်ခေါင်းထဲမှာ ညီညီပဲတစ်ချိန်လုံးရှိနေ၏။

အရင်ကတော့ ညီညီနဲ့သက်ဆိုင်သူဖြစ်နေတာလေးနဲ့တင် ရောင့်ရဲနိုင်ခဲ့ပေမယ့် ခုတော့လောဘကြီးမိလာသည်။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်ပဲ ညီညီ့ကိုချစ်တာမဟုတ်။ တစ်လောကလုံးနဲ့ ညီညီ့ကိုပြိုင်ချစ်နေရတာ။

ညီညီ့ဘဝမှာ ကိုယ့်ကိုပထမဦးစားပေးထားသည့် ဘဝမျိုးတော့ သက်ထင်မမျှော်လင့်ပါ။ ပရိတ်သတ်ကဦးစားပေးဖြစ်သင့်တာ သက်ထင်နားလည်သည်။ သက်ထင်ကဒုတိယဖြစ်ရင်တောင် သူ့ပရိတ်သတ်နှင့်အယှဥ်ခံရတာမို့နေသာသည်။ ခုကသက်ထင်က ဒုတိယတောင်ဟုတ်ရဲ့လားမသိတော့။

ညီညီ့ရင်ထဲကို ရောက်မှန်းမသိရောက်နေတဲ့ကောင်တစ်ကောင်ကြောင့် ခုတလော ညီညီနှင့်သက်ထင် ခဏခဏရန်ဖြစ်ရသည်။ ကိုယ်ကသဝန်တိုလွန်းလို့ပေါ့လေ။ ချစ်သူရည်းစားတစ်ယောက်အနေနဲ့ အဲ့လောက်တောင်စွက်ဖက်ပိုင်ခွင့်မရှိတာလား။ ဒီကောင်ကြီးက တစ်ခါမှမချစ်ဖူးတဲ့ပုံစံနဲ့ချစ်လွန်းလို့ သဝန်တိုမိနေတာကို မသိလေသလား။

IDOLWhere stories live. Discover now