62 (Uni) 🔞

634 39 2
                                    

"ကျန်းမာရေးအခြေအနေကြောင့် တစ်နှစ်ကြာ Hiatus ပြီးနောက် Artist-K ၏ ပထမဆုံး World Tour ခရီးစဥ်တွင် ပြန်လည်ပါဝင်လာပြီး ပရိတ်သတ်ရှေ့သို့ ပြန်လည်ရောက်ရှိလာတော့မည့်  Eagle"

Artist-K သည် ခြောက်နှစ်အရွယ်သက်တမ်းသို့ရောက်ခဲ့လေပြီ။ အချိန်တွေဘာမှလည်းမကြာလိုက်။ ခြောက်နှစ်ဆိုတာ သက်တမ်းအလယ်အလတ်ရှိ စီနီယာအဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့လေပြီ။ မအူမလည်လေးတွေနဲ့ တက်သစ်စဘဝလေးတွေကနေ ခြောက်နှစ်တောင်ရှိခဲ့ပြီ။

ခုနှစ်နှစ်ဆိုသည့် ကံကြမ္မာဆိုးကိုကြုံရဦးမည်။ Artist-K တွင် ပြည်ပခရီးစဥ် ပြည်ပဖျော်ဖြေပွဲဟူ၍ ရှိသင့်သလောက်ထပ်နည်းပါးသည်။

Scandal မျိုးစုံတို့ကြောင့် ဖျက်သိမ်းခဲ့ရသည့် Concert တွေမှအများကြီးပင်။ ယုတ်စွအဆုံး မြန်မာ၌ပင်လျှင် ခြောက်နှစ်ကြာမှ ပထမဆုံးပွဲလုပ်နိုင်ခဲ့သည်။ 1st Concert တစ်ဖြစ်လဲ Tour သည်တစ်ထပ်တည်းကျသွားကာ Concert ငတ်နေကြသည့် မြန်မာပြည်တွင် လက်မှတ်များသောက်သောက်လဲကိုရောင်းကုန်လေသည်။ အကြီးမားဆုံးကွင်းတစ်ခုကိုငှားထားသည်ပင်လျှင် Tour နှစ်ရက်စလုံးစာ လက်မှတ်ပြတ်လတ်ကုန်ကြသည်အထိ။

ထို့အတွက် ညီညီတို့အလုပ်တွေရှုပ်ကြရပြီ။ တစ်နှစ် Hiatus လုပ်နေစဥ်အတွင်း မန်ဘာငါးယောက်ဖြင့် Comeback တစ်ခုလုပ်ခဲ့သေးသည်။ စီနီယာ WhiteNet နှင့် Collaboration သီချင်းမထွက်ခင်ကတည်းက အနားယူလိုက်သည်မို့ သီချင်းနှစ်ပုဒ်စာညီညီပြန်ကျင့်ရသည်။

စိတ်ပိုင်းဆိုင်ရာလည်း အခြေအနေအတော်ကိုတိုးတက်လာခဲ့ပြီး ဒီနှစ်ထဲမှာ ပျော်စရာကိစ္စတွေများခဲ့သည်ဟုဆိုနိုင်သည်။ ကိုယ့်အဖွဲ့၏ကောင်းခြင်းဂုဏ်သတင်းတွေအပြင် ကိုယ့်လက်ထပ်မယ့်ကိစ္စအထိ အမှတ်ရစရာတွေအများကြီးဖြစ်ခဲ့သည်မို့ ညီညီ့စိတ်ကျန်းမာရေး လျင်လျင်မြန်မြန်တိုးတက်လာသည်ဟုဆိုနိုင်သည်။ ညီညီကိုယ်တိုင်ရဲ့ စင်နဲ့ဝေးမနေနိုင်တဲ့ တွန်းအားကြောင့်လည်းပါတာပေါ့။

ကိုယ်ပြန်လာပြီဖြစ်တဲ့အတွက်လည်း မန်ဘာတွေမှာပျော်လို့။ အဖွဲ့ရဲ့အစိတ်အပိုင်းတစ်ခု မပြည့်စုံသည့်ဒုက္ခတွေကို ပြောပြကြတာလည်းအမော။

IDOLWhere stories live. Discover now