19 (Uni)

448 45 8
                                    

ဒီဇင်ဘာကျောင်းပိတ်ရက်

ရန်ကုန်ဆောင်းသည် အေးစိမ့်စိမ့်အခြေအနေသို့ရောက်လာခဲ့သည်။ ကျောင်းပိတ်ရက်ရှည်ကြီး ဆယ်ရက်ပိတ်သော်လည်း ညီညီ့မှာလုပ်စရာဟူ၍ အများကြီးရှိမနေပါ။

သင်တန်းတွေရှိပေမယ့် ကျောင်းတက်ချိန်တွေဖယ်လိုက်တော့ အများကြီးလွတ်လပ်သွားသည်။ သင်တန်းတွေကလည်း နောက်ရက်ထဲဆိုပိတ်မှာ။ အဲ့ရက်ဆိုညီညီ့တစ်နေကုန်အားနေတော့မှာလေ။

တစ်ခုခုလုပ်ချင်သည်။ ဘာလုပ်ရမလဲ။ ခရီးတော့သွားချင်သား။ အဖော်မရှိ။ မေမေကတော့ ဇေနဲ့နှစ်ယောက်သွားလို့ပြောတာပဲ။ ခါတိုင်းမိသားစုနဲ့အတူ ထွက်လေ့ရှိပေမယ့် မေမေကလည်း ကိုရီးယားကိုပြန်ရခါနီးပြီမို့ အလုပ်ပုံထဲကခေါင်းမဖော်။ ဖေဖေဆိုပိုဆိုး။ ထို့ကြောင့် အလိုက်တသိနဲ့ ခရီးကိစ္စမပြောချင်းသာ။ ​

ခု ညီညီတအားပျင်းနေသည်။
စကားပြောဖော်ရှာလိုက်ရာ ခြံထဲကအဆောင်လေးထဲမှာ မေမေ့ကိုတွေ့ရလေသည်။

တရုတ်စံကားပင်ထက်တွင် တရုတ်စကားပွင့်များ အဆုပ်အဆုပ်ပွင့်နေကာ တရုတ်စံကားပင်အတန်းဘေးတွင် ဇရပ်ဝိုင်းလေးတစ်ဆောင်ရှိသည်။ ညီညီ မေမေ့ဆီသွားလိုက်၏။

"မေမေ လေယာဥ်လတ်မှတ်ဖြတ်ပြီးပြီလား"

မေမေသည်ခေါင်းတောင်မော့မလာ။ လပ်တော့တစ်လုံးနှင့်အလုပ်ရှုပ်နေသည်။ ခုရက်ပိုင်းထဲမျက်နှာချင်းဆိုင် စကားမပြောမိကြပါ။

ညီညီကလည်း ကျောင်းသွား ကျောင်းကနေသင်တန်း သင်တန်းကနေအိမ်ပြန်ဆိုတော့ တစ်နေကုန်အိမ်မှာမရှိ။ ရှိတဲ့အချိန်ကျလည်း မေမေတို့ကသူ့အလုပ်နဲ့သူ။ ထမင်းစားချိန်လေးတစ်ချိန်က မိသားစုတွေအလာပသလာပပြောဖို့ အချိန်မလုံလောက်ပါ။ ဒီကြားထဲ စုံညီအတွက်ရုန်းနေရတဲ့အပြင် သူများအိမ်မှာပါညအိပ်သွားနေရတော့ မေမေနဲ့သိပ်မဆုံဖြစ်။

မေမေက သူအလုပ်လုပ်နေချိနိ စကားပြောတာမကြိုက်တဲ့သူမျိုးတော့မဟုတ်ပေမယ့် အမှားအယွင်းဖြစ်မှာစိုးလို့ ညီညီက ကိုယ့်ဘာသာရှောင်လိုက်ခြင်းပင်။

IDOLWhere stories live. Discover now