37 (Uni)

345 33 0
                                    

"A.C Group နောက်ကွယ်က အကျင့်ပျက်ခြစား တရားမဝင်လုပ်ငန်းများအတွက် လာဘ်ထိုး၍ ဖုံးကွယ်ထားမှုများတွင် ဥက္ကဌဖြစ်သူ၏​မြေးဖြစ်သူကိုယ်တိုင်ပါဝင်နေ။ မြေးသည် Artist-K အဖွဲ့ဝင်တစ်ယောက်ဖြစ်"

ခုမနက် Naver မှာတက်နေသည့် သတင်းအကြီးကြီးကြောင့် ညီညီကုမ္ပဏီကိုအမြန်ပြေးရတော့သည်။

"ဇေ.....မြန်မြန်မောင်းပေး"

"စိတ်အေးအေးထား ..... ဂုဏ်ရည်.... အရမ်းမပူပါနဲ့။ သူအဆင်ပြေမှာပါ"

ညီညီ့အပူများသည် ဇေ့ကိုပါကူးစက်သွားကာ ဇေလည်းမျက်စိမျက်နှာပျက်လျက်နှင့် ကားကိုအရှိန်တင်လိုက်သည်။ A.C (Acceleration Car) Group ဆိုသည်မှာ ဆိုးချန်ရဲ့အဘိုးကုမ္ပဏီဖြစ်သည်။

တစ်နေ့ကမှ မေမေ့မွေးနေ့မှာပျော်နေခဲ့ကြသေးသည်။
မေမေ့မွေးနေ့ထက် WhiteNet×Artist-K ဆုံသည့်အခိုက်အတန့်ဟူ၍ နှစ်ရက်မျှတောင် သတင်းတွေထိပ်ပိုင်းမှာနာမည်ကြီးနေခဲ့တာ။ ဆက်တိုက်ဆိုသလိုတက်လာတဲ့သတင်းကြီးက ရှေ့ရက်ကသတင်းတွေကိုအုပ်သည်အထိကို ကြီးမားသွား၏။

A.C Group သည်ကမ္ဘာ့အဆင့်မှီ မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခု။ အလုပ်ရဲ့နောက်ကွယ်မှာ ဘာတွေဖြစ်ကြသလဲဆိုတာတော့ သေချာမသိပေမယ့် ဒီကိစ္စမှာဆိုးချန်ပါလာရခြင်းက ညကမိသားစုနှစ်ခုညစာစားကြခြင်းနှင့် ပတ်သတ်လိမ့်မည်ထင်သည်။ အကျိုးတူစီးပွားဖက်မိသားစုနဲ့ ညစာအတူစားဖို့ရှိလို့ဆိုပြီး ညကဆိုးချန်ဖြင့် အစောကြီးပြန်သွားတာ ညီညီတို့အသိ။ အသိုင်းအဝိုင်းကြီးမိသားစု၏မြေးအဖြစ်လည်းကောင်း၊ အနုပညာရှင်အဖြစ်လည်းကောင်း တက်ရောက်ရသည့်ထမင်းပွဲသည် ဆိုးချန်အတွက် ကံမကောင်းခဲ့ရှာ။

တက်နေသည့်သတင်းများ အမှန်ဟုတ်သော်ရှိ မဟုတ်သော်ရှိ သတင်းခေါင်းစဉ်သည် သက်ဆိုင်ရာကုမ္ပဏီနှင့်သာ ဆိုင်သင့်သည်။ ခုလိုမဆီမဆိုင်သူကိုဆွဲထည့်၍ လူထုအာရုံစိုက်မှုမရှာသင့်။ လူထုကိုပိုချပြချင်တာနဲ့ အနုပညာသမားတွေကိုဆွဲဆွဲထည့်တန်သည့် မီဒီယာများရဲ့အာရုံစိုက်မှုရှားတဲ့နည်းလမ်း​ကြောင့် ပြဿနာတွေပိုကြီးနေခြင်းပင်။

IDOLWhere stories live. Discover now