16 (Uni)

403 43 8
                                    

"စုံညီပွဲတော်နေ့"

"ဒုန်း"

ပတ်မကြီးတီးသံက လေထုထဲတုန်ခနဲ။

"ဘဒတ် တပ် တပ် ဘဒတ် တပ် တပ်"

"နွှန်....နှော်....နွှန်....နှော်....."

"ဘိန်း.....ဓူး ဓူး"

ကျောင်းမျက်နှာစာရှေ့ Assembly ကွင်းကြီးထဲ ဘင်ခရာအသံများ အုန်းအုန်းကြွပ်ကြွပ်ဆူညံနေလျက်ရှိသည်။
မနက်ပိုင်း​အခမ်းအနားဖြစ်သည့် မြို့နယ်စူံညီပွဲတော်အခမ်းအနားသည် ပြီးခါနီးနေပြီ။ စောနလေးမှ စာပေ၊ အားကစား၊ ဘက်စုံ၊ စကောလားရှစ်၊ IT နိုင်ငံတော်အဆင့်ထူးချွန်ဆုရရှိသူများနှင့်တိုင်းအဆင့်ရရှိသူ ကျောင်းသားကျောင်းသူများကို ဆုပေးခြင်းအခမ်းအနားပြီးခဲ့ပြီ။ နှစ်စဥ်နှစ်တိုင်းလည်း သည်ကျောင်းတော်ကြီးမှ လူတော်တွေမွေးထုတ်ပေးနိုင်ဆဲပင်။

အခမ်းအနားပြီးခါနီးအနေဖြင့် တစ်ကျောင်းလုံးမှရွေးထုတ်ထားသည့် အဖြူရောင်​ယူနီဖောင်း ရေတပ်သားဝတ်စုံအပြည့်ဖြင့် လက်ရွေးစင် အရပ်ရှည်ရှည် အရပ်မြင့်မြင့်ယောက်ျားလေးခုနစ်ယောက်သည် အားသွန်ခွန်စိုက် အတိုင်အဖောက်ညီစွာ စွမ်းရည်များ အကုန်ချပြ တီးမှုတ်လျက်။
ကျောင်းအလံတိုင်ရှေ့တည့်တည့် တွင်တော့ ကျောင်းလက်ရွေးစင်ပန်းပွားအဖွဲ့က ထပ်ခါတလဲလဲသောအကများကို ကနေကြလေသည်။ ပန်းရောင် အဝါရောင်​ပန်းပွားများသည် လေထဲတွင်ဖွားခနဲဖွားခနဲ။ တကယ့်ကိုမြိုင်မြိုင်ဆိုင်ဆိုင်မြင်ကွင်းပါပဲ။

ဘေးတွင်မှ မြို့နယ်မှဆိုင်ရာဆိုင်ရာ ပညာရေးဝန်ကြီးတွေ၊ ပညာရေးမှူးတွေ၊ ရပ်မိရပ်ဖကျောင်းလူကြီးများ ထိုင်လျက်ရှိကြကာ စကားစမြည်ပြောနေကြလေသည်။ စိမ်းနုရောင် အဖြူရောင် နို့အနှစ်ရောင် ခဲရောင် အဝါနုရောင် စသဖြင့်အရောင်အမျိုးမျိုးရှိသည့် တိုက်ပုံများ
ဖြင့် ခန့်ခန့်ညားညားထိုင်ကြကာ သည်နေ့တစ်နေ့လုံးကို ရောက်ရှိရာဧရိယာဝန်း အထကကျောင်းကြီး၏စုံညီအတွက်အချိန်ပေးရမည်ဖြစ်သည်။

"ဖြောင်း ဖြောင်း ဖြောင်း"

Announcer ဆီမှ မနက်ပိုင်းမြို့နယ်စုံညီအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ကြောင်းကြေညာလိုက်လျှင်ပဲ ပုရွက်ဆိတ်အုံကွဲသွားသလို အဖြူအစိမ်းကိုယ်ထည်များ တစ်ကျောင်းလုံးအနှံ့ ပြန့်ကားသွားကြလေသည်။ နောက်နှစ်နာရီအတွင်း သူတို့စောင့်မျှော်ခဲ့ရသည့် နေ့လည်ပိုင်းစူံညီရောက်တာမှာမို့ ဗိုက်ဖြည့်သင့်တာဖြည့်ဖို့ အသီးသီးပြင်ဆင်ကုန်ကြလေပြီ။ ရာထူးအသီးသီးက လူကြီးတွေလည်း အချင်းချင်းတွေနှုတ်ဆက်ကုန်ကြလျက် အလျှိုလျှိုလူစုကွဲကုန်ကြလေပြီ။

IDOLWhere stories live. Discover now