39 (Uni)

338 37 10
                                    


" Best New Artist Award Winner!!!!"

"ဟားးးး"

ကွင်းကြီးတစ်ကွင်းလုံး ဝါးခနဲပွဲကျသွားသည်။ စင်ပေါ်က MC က ပွဲကိုကောင်းကောင်းကြီး ကစားနေလေပြီ။

ညီညီတို့ Korean Grammy လို့တင်စားကြသည့် Soul Music Award ဆုပေးပွဲကွင်းကြီးထဲ ရောက်နေကြတာဖြစ်သည်။ သင်တန်းသားဘဝတုန်းကတော့ MAMA, Mnet,SBS, KBS, Golden Dic Award တို့လိုဆုပေးပွဲတွေကို ပရိတ်သတ်တွေထိုင်သည့်နေရာကနေပဲ ခဏခဏသွားကြည့်ဖူးသည်။ အဲ့တုန်းက IDOL တွေ သူ့အဖွဲ့နဲ့သူအစုအစု ထိုင်ရသည့်နေရာကိုလှမ်းလှမ်းကြည့်ရပြီးအားတွေကျခဲ့ရတာ။
ခုတော့ ကိုယ်ကိုယ်တိုင်ထိုင်ခွင့်ရနေခဲ့လေပြီ။

ခံစားချက်က လူတစ်ကိုယ်လုံးကိုပေါ့ပါးတက်ကြွနေစေပြီး လေပေါ်ပျံနေရသလိုကိုပျော်တဲ့ခံစားချက်။ ဖန်ဒန်ပေါင်းစုံစုရာကွင်းကြီးထဲမှာ ကိုယ်တွေဖန်တွေလည်းရှိနေတယ်ဆိုတာသိနေရတဲ့အသိ။ Lightstick မျိုးစုံမို့ အရောင်မျိုးစုံ။ သူ့အိုင်ဒေါ်လ် ကိုယ့်အိုင်ဒေါ်လ် ပြိုင်ရတာကိုကတစ်မျိုးပျော်ဖို့ကောင်းတာ။

!BIGBANG! !EXO! !BTS  စသဖြင့် သိချင်စိတ်နဲ့မျှော်လင့်ချက်ရဲ့ အရုန်းကြွဆုံးအချိန်မှာ အထိတ်တလန့်ဖြစ်အောင် လျှပ်တပြတ်အော်လိုက်သည့် MC ရဲ့အသံဟာ မိမိအဖွဲ့နာမည်ဖြစ်နေသည့် အပျော်မျိုးကို ကိုယ်တိုင်ခံစားဖူးချင်ခဲ့တာ။

ဆုကြီးပေးပွဲက ညီညီတို့အတွက်ပထမဆုံးပင်ဖြစ်သည့်အတွက် ရင်ထဲတလှပ်လှပ်။ ကော်ဇောနီပေါ်ကစဖြတ်လာကတည်းက ဆုတွေမျှော်မှန်းချက်တွေအကုန်ပစ်ချထားခဲ့ဖို့ မန်ဘာတွေအကုန်တိုင်ပင်ထားသည်။ ဆုကိုမှန်း၍လာခြင်းမဟုတ်။ လူအများကြီးရှေ့ စတိတ်စင်အကောင်းကြီးအပေါ်မှာ ပရိတ်သတ်နဲ့တသားတည်းဖြစ်မယ့် Performance အကြမ်းစားတွေကို ရေကုန်ရေခမ်းချပြဖို့၊ နှစ်တစ်နှစ်လုံးအစွမ်းကုန်ကြိုးစားခဲ့ကြသည့် Sololist များစွာ၊ Idol Band များစွာထဲက ဆုရရှိသူတွေကိုလာအားပေးဖို့နဲ့ ကိုယ်ကြိုက်နှစ်သက်ရတဲ့စီနီယာတွေကို အနီးကပ်တဝကြီးကြည့်ဖို့ပင် ဖြစ်ပါသည်။

Artist-K သည် "Rookie Award" ဆုတစ်ဆုတက်ယူပြီးလေပြီ။ ဤသည်မှာ ၂၀၂၅ ခုအတွက် အကောင်းဆုံးတက်သစ်စတွေထဲမှာ အထိုက်တန်ဆုံးလို့ကြေညာလိုက်တာနှင့်အတူတူပင်ဖြစ်သည်။

IDOLWhere stories live. Discover now