55 (Uni)

344 28 3
                                    


"ဒုန်း"

တံခါးစောင့်ပိတ်သံတစ်ခုနှင့်အတူ ဇေ စိုးရိမ်သွားသည်။ ဖုန်းဆက်ပြီးပြီးချင်း တစ်မဟုတ်ချင်းရောက်ချလာသည့် သက်ထင်ကြောင့် ချစ်သူရည်းစားနှစ်ယောက် စကားလွတ်လွတ်လပ်လပ်ပြောပါစေရည်ရွယ်ချက်နှင့် အပြင်ဘက်ထွက်ပေးလိုက်တာ မှားပြီထင်သည်။ အိမ်ကိုဒေါသတကြီးနှင့်ရောက်ချလာသည့် သက်ထင်ရဲ့စကားတွေကြောင့် ညီညီ့စိတ်အခြေအနေပိုဆိုးသွားရင် ဇေ လက်ပိုက်ကြည့်နေမှာမဟုတ်။

အိမ်မှာဖြစ်နေ၍ တခြားသူတွေလည်းရှိနေသေးတာကြောင့် ဆင်ခြင်သင့်တာဆင်ခြင်ဖို့ပဲ ဇေမျှော်လင့်သည်။

"ညီ့ကို ကိုယ်ဘာပြောထားလဲ"

"ဘာကိုလဲ ကိုရ"

မဆိုင်းမတွရောက်ချလာပြီး မနိုးသေးသည့် ညီညီ့ကိုအတင်းနှိုးကာ မေးသည်။ ဘာမေးမှန်းမှမသိတာ ဘာကိုဖြေရမှာလဲ။ အိပ်ရေးမဝရတဲ့အထဲကို။

"ညီ ကိုယ်ပြောတာတွေမေ့သွားတာလား။ ညီ့ဘာလို့ ဇေသုခနဲ့အတူတူအိပ်တာလဲ"

ညီညီအကြောင်းရင်းသိလိုက်ပြီ။ ဇေနဲ့အိပ်တာကိုပြောနေတာပဲ။

"ဘာလို့လဲ ကိုရ။ ကျွန်တော့်အခန်းမှာ မန်ဘာတွေနဲကြပ်နေလို့ ဒီမှာလာအိပ်တာပါ။ ဘာဖြစ်လို့လဲ"

"အဲ့တာဆို ဟိုတည်မှာတည်းခိုင်းလိုက်လေ။ ဒါဆိုမကြပ်တော့ဘူးမလား"

"ဘာလို့တခြားသွားတည်းခိုင်းရမှာလဲ။ အဓိပ္ပါယ်မရှိတာ။ ကိုယ့်အိမ်ရှိနေတာ ကိုယ့်အိမ်မှာပဲတည်းရမှာပေါ့။ ကို မဟုတ်တာကိုပြဿနာမရှာနဲ့ဗျာ"

သက်ထင်ရှူးရှူးရှဲရှဲဖြစ်ကာ အိပ်ရာပေါ်ကညီညီ့ဘေးရောက်ချလာသည်။ ကို့မျက်နှာပေါ်က ကြောက်စရာကောင်းသည်ဒေါသများကိုမမြင်ချင်၍ ညီညီမျက်နှာလွှဲလိုက်သည်။

"အေး အဲ့တာဆို ဟုတ်တာကိုပဲပြဿနာရှာမယ်။ကိုယ်ကတော့ မနေ့ကတည်းက မှိုင်ကုပ်ကုပ်နဲ့ပြန်သွားလို့ တစ်ညလုံးစိတ်ပူပြီးအိပ်​လို့တောင်မရဘူး။ ခုမနက်မှဖုန်းဆက်ပြီးမေးမလို့ကို ကြားရတဲ့သတင်းက ရင်ဝကိုဆောင့်ကန်လိုက်သလိုပဲ။ ကိုယ့်ချစ်သူက တခြားသူနဲ့အတူအိပ်နေတာတဲ့လေ"

IDOLWhere stories live. Discover now