43 (Uni)

336 37 2
                                    

"Cut!!"

"တောင်းပန်ပါတယ် တောင်းပန်ပါတယ်"

"ရတယ် ရတယ် ဘာမှမဖြစ်ဘူး။ ခဏနေမှပြန်ရိုက်မယ်နော်။ ဘာမှမပူနဲ့ Eagle ။ ရှေ့အခန်းတွေတုန်းကအဆင်ပြေလွန်းခဲ့တယ်လေ။ ဒီလိုပဲဖြစ်တတ်ပါတယ်။ အေးဆေးလုပ် အေးဆေးလုပ်"

ဒါရိုက်တာက အားတုံ့အားနာနဲ့ ဖျန်ဖြေသည်။
ညီညီတကယ်အားနာနေရပြီ။ ကိုယ့်ကြောင့်နဲ့ရိုက်ကွင်းတစ်ခုလုံး ပင်ပန်းနေကြရပြီ။

ညီညီ့အတွက်ချပေးထားသည့် ခေါက်ထိုင်ခုံပေါ်စိတ်ပျက်စွာနှင့်ပင် ထိုင်ချလိုက်သည်။ သည်နေ့က ရိုက်ကွင်း ဆယ့်ငါးရက်မြောက်​နေ့။ ရှေ့ရက်တွေတုန်းက One Sense One Cut ပဲ။ နှစ်ခါသုံးခါပြန်ရိုက်ရသည့်အခန်းက ခပ်ရှားရှား။
ဒါရိုက်တာရောအားလုံးကပါ အတွေ့အကြုံမရှိသေးဘဲ လုပ်နိုင်၍ဟုချီးကျူးကြသေးသည်။

သည်နေ့အခန်းကျမတူ။ အနမ်းအခန်းမို့ အစ်ကိုနဲ့နမ်းခါနီး စိတ်အလှုပ်ရှားလွန်ပြီး ယောင်ယောင်ခေါင်းဖယ်နေမိလို့ပြန်ရိုက်ရတာ လေးခါပင်ရှိပြီ။ အစ်ကို့နှုတ်ခမ်းနဲ့တကယ်ကြီးထိကပ်နမ်းရတော့မှာလို့တွေးမိလိုက်ရင် ရင်ထဲမှာဝုန်းဒိုင်းကြဲသွားတော့တာပဲ။

တကယ်အဆင်သင့်မဖြစ်သေးတာ။

လုပ်ငန်းသဘောပဲလေ ဘာစိတ်မှမတွေးဘဲနမ်းလိုက်ရင်ရတာပဲလို့ အားတင်းပေမယ့် နမ်းခါနီးတိုင်း ပြန်သတိရလာတာက အစ်ကိုနဲ့ညီညီနဲ့ကချစ်သူခေါင်းစဥ်အောက်မရောက်သေးသည့် ချစ်သူနှစ်ယောက်ဆိုတာကိုပင်။ ဆိုင်တော့မဆိုင်ပေမယ့် စိတ်ဆိုတာကိုယ်ထိန်းချုပ်လို့မှမရတာပဲ။

ဒီနေ့ကျမှ ဇေကပါမလာဘူး။ ဘယ်သွားမလဲဆိုတာလဲပြောမသွားဘူး။ လိုက်ပို့ပြီးပြန်ထွက်သွားတာ။ ခုလိုလမိုင်းမကပ်တဲ့အချိန်မှာ သူသာ "မင်းလုပ်နိုင်ပါတယ်"လို့ပြောပေးရင် လုပ်ကောင်းလုပ်နိုင်လောက်ပါရဲ့။ ကိုယ်စိတ်တွေအားမရနေချိန် တစ်ယောက်ယောက်၏ အဖက်မလုပ်လျစ်လျူရှူခံလိုက်ရတာဟူသည့် အသိကြောင့်လည်း ပိုစိတ်တွေတိုလာမိကာ လက်သီးလေးတွေကျစ်ကျစ်ပါအောင်ဆုပ်ထားမိလိုက်သည်။

IDOLWhere stories live. Discover now