5 (Uni)

504 44 11
                                    

"ကြည့်ရင်းရင်ခုန်သံတွေ တိုးသထက်တိုး ××
မင်းရဲ့အလှကိုနားလည်ဖို့ ခက်လွန်းတယ်×××"

အသံသြရှရှနှင့်အတူ ဂီတာကြိုးသံ တဒင်ဒင်ကနောက်က ကပ်လျက်လိုက်ပါလျက်။

ဂီတာတီးကြည့်လိုက် စာသားစဥ်းစားလိုက် ရှေ့ကစာရွက်အဖြူပေါ် ချရေးလိုက်နှင့်
သက်ထင် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။ ဒီနေ့ခံစားချက်တွေ သိပ်ကောင်းနေတာမို့ သီချင်းစပ်လို့ အကောင်းဆုံးအချိန်ဟု တွေးမိသည်။

ကိုယ်သဘောကျတဲ့သူနဲ့ ရိုမန့်စ်အခြေအနေလေးဖန်တီးခွင့်ရလိုက်တဲ့ ပူပူနွေးနွေးခံစားချက်ကို ဖြည်းဖြည်းချင်းပြန်သွင်းပြီး သီချင်းရေးနေတာဖြစ်သည်။ ရောင်စဥ်နဲ့တွေ့တဲ့တစ်ဒင်္ဂလေးကို ပြန်တွေးကြည့်ပြီး ရင်ထဲကလာတဲ့စကားတွေကို သီချင်းတစ်ပုဒ်အဖြစ် ပြောင်းလဲကြည့်နေတာ။ သီချင်းပြီးသွားရင် ဒီသီချင်းနဲ့ ဖွင့်ပြောရမည်ဟုလည်း အကြံတစ်ခုရမိသည်။

ရောင်စဥ့်ရဲ့ ပျော်နေတဲ့မျက်နှာလေးဆိုတာ သူ့မှတ်ဉာဏ်ထဲကမထွက်။ မေးရိုးသွယ်သွယ်လေးနဲ့ အသားအရည်များဖြူဥလို့။ ငှက်ကလေးများပျံနေသလို ပန်းစီရောင်နှုတ်ခမ်းလေးများ ထောင့်တွန့်တက်သွား၍ ရယ်လျှင် သူ့နှလုံးသားတွေကြွေကျလောက်အောင် ချစ်ဖို့ကောင်းသည်။
သူ့ နတ်သမီးမျက်နှာလေးမှာဆိုရင်မျက်လုံးလေးက အဓိက။ ဟုတ်တယ်  မျက်လုံးလေးက သိပ်ဆွဲဆောင်မှုရှိလွန်းတယ်။

"ညှို့အားပြင်းတဲ့ မင်းအကြည့်တွေရယ်"

"ဒင် ဒင်"

"ပါးလွှတဲ့ ပန်းရောင်နှုတ်ခမ်းလေးရယ်"

"ဒင် ဒင်"

"ကိုယ်ကျရှုံးခဲ့တဲ့ မင်းရဲ့အပြုံးရယ်××အားလုံးများ ပေါင်းစပ်ရင် ×××ကိုယ့်မှာ မရုန်းနိုင်ပြီ​ကွယ်"

"ဒင် ဒင် ဒင်"

ရောင်စဥ့်မျက်နှာလေးကို ထပ်မြင်ယောင်ကြည့်လိုက်သည်။ ခြောက်ပစ်ကင်း သဲလဲစင် ရောင်စဥ့်ရဲ့အလှတွေကို ဖွဲ့ဆိုညွှန်းမလို့ မြင်ယောင်ကြည့်ရင်း အမြင်အာရုံထဲဝင်လာသည့် အားငယ်နေ
သည့်မျက်လုံးတစ်စုံ။

IDOLWhere stories live. Discover now