29 (Uni)

384 35 12
                                    


"သုံးနှစ်ကြာပြီးသော်"

မနေ့ကကျင်းပသည့် Shwe FM ၏ တစ်နှစ်တာဂီတဆုပေးပွဲသတင်းများသည် ဆိုရှယ်မီဒီယာပေါ်တွင်ပျံတက်နေကြသည်။ တစ်နှစ်တာအတွင်း လူ့စိတ်အဖုံဖုံကိုလွှမ်းမိုးခဲ့ကြသည့် သီချင်းပေါင်းစုံထဲကမှ လူကြိုက်အများဆုံးနဲ့ အပေါက်မြောက်ဆုံးသီချင်းတွေက ထိုက်တန်စွာအသီးသီးဆုရရှိခဲ့ကြလေသည်။ 

"တူ တူ"

ဖုန်းလာနေတာကြာပြီ။ နားကသာကြားနေရတယ် လူကမလှုပ်နိုင်တာမို့ မကိုင်တာ။ ဆက်တိုက်ဝင်နေတာ ဖုန်းက။ ဘယ်သူဆက်နေတာလဲကွာ။ နားငြီးလိုက်တာ။ ညက ဝိုင်းမှာများသွားလို့ပါဆို။

"ဒုန်း ဒုန်း"

"ကိုကိုရေ .... မထသေးဘူးလား။ အောက်မှာထမင်းလာစားတဲ့။ ကိုကိုရေ ..."

"ဒုန်း ဒုန်း"

သူ့ညီမအသံစူးစူးကတစ်မျိုး။ ဟိုတစ်သံဒီတစ်သံနဲ့ နားတွေငြီးလာပြီး သက်ထင် စိတ်အချဥ်ပေါက်လာ၏။

စိတ်လိုလက်ရ တစ်ကိုယ်လုံးရုန်းချလိုက်တာတောင် ငုတ်တုပ်ထိုင်မိသည့်အဆင့်သာရှိလေသည်။ ရီဝေနေပြီးအရှိန်မပြေသေးသည့် မျက်လုံးမှေးမှေးနဲ့ သူ့နားကိုနှိပ်စက်​ထားသည့် ဖုန်းကိုတစ်လှည့် တံခါးအပြင်ဘက်​က မမြင်ရသည့် သူ့ညီမဘက်ကိုတစ်လှည့် မကြည်ကြည့်ကြည့်နေလိုက်သည်။

ညက ဆုရဖို့မပြောနဲ့ Nomitation တောင်တစ်ခုမဝင်ခဲ့သည့် ကိုယ့်ကိုယ်ကိုယ်​ အသုံးမကျလိုက်တာလို့ စိတ်တွေတိုမိရင်း ကိုယ့်သူငယ်ချင်းတွေနဲ့ မီးကုန်ရမ်းကုန်သောက်လိုက်တဲ့ဒဏ် ခုမနက်တော့အသည်းအသန်ခံရပြီ။ အိမ်ဘယ်လိူပြန်ရောက်လာသလဲဆိုတာတောင် မမှတ်မိ။

အောင်မြင်မှုကိုဆုနဲ့ တိုင်းတာတာမျိုးတော့မဟုတ်ပေမယ့် ခုနှစ်တွေထဲ သီချင်းကောင်းကောင်းမထုတ်နိုင်ဘဲ အသုံးမကျဖြစ်နေတာ ကိုယ်သာအသိဆုံးမို့ ခုထပ်ပြီးသိသွားအောင်ပြခံလိုက်ရတာကြောင့် စိတ်တိုမိခြင်း။

"ကိုကိုရေ"

"လာပြီဟာ"

သူ့ညီမ တဒုန်း ဒုန်းနှင့်ပြန်ဆင်းသွားသည်အထိ သူ့စိတ်တွေစုစည်းမရသေး။ လက်ဆယ်ချောင်းနဲ့ ဆံပင်တွေထဲထိုးစိုက်ကာ ဒေါသတွေထွက်လာသည်။

IDOLWhere stories live. Discover now