17 (Uni)

444 45 4
                                    

[ဒီအပိုင်းကို ဖတ်ရတာပိုအဆင်ပြေအောင် Just Give Me a Reason Cover Version ကိုအရင်ဆုံးနားထောင်ပြီးမှဖတ်ကြည့်ကြပါဗျ။ ဒါဆို သက်ထင်နဲ့ညီညီဆိုနေတာကိုဖတ်ရတာပိုပေါ်သွားမယ်ထင်တယ်😁 ]

💠💠💠

ထာဝစဥ်ရွှေနှင့်အတူ ဂီတာတီးပေးမည့်ယောက်ျားလေးတစ်ဦးပါ စင်ပေါ်တက်လာပြီး စင်၏အလယ်တွင်နေရာယူသည်။ ထာဝစဥ်ရွှေသည်လည်း တီဗွီဖန်သားပြင်ပေါ်တွင် ကြော်ငြာလေးတစ်ခုစနှစ်ခုစပါဖူးသည့်သူမို့ အောက်ကပရိတ်သတ်၏အာရုံစူးစိုက်မှု အတန်အသင့်လောက်တော့ အလိုလိုရပြီးသားဖြစ်သွားသည်။

ထာဝစဥ်ရွှေစင်ပေါ်ရောက်မသွားခင်အထိ ညီညီ့မှာ သူမမြင်အောင် လူတွေရဲ့နောက်မှာ ဇက်ပုနေရသည်။ ထာဝစဥ်ရွှေကမလွယ်ကြော။ မတွေ့သွားတာပိုကောင်းမယ်ထင်လို့ မမြင်အောင်ကွယ်နေလိုက်ခြင်းပင်။ စင်ပေါ်တက်သွားပြီဆိုမှ နဂိုထိုင်နေတဲ့ တံခါးပေါက်နှင့်မျက်စောင်းထိုးလေးနားတွင်ပြန်ထိုင်လိုက်သည်။

စင်ပေါ်မှာရို့ရို့လေးထိုင်လိုက်တဲ့ ထာဝစဥ်ရွှေသည် အဝါရောင်ပိတောက်ပွင့်ဝမ်းဆက်နှင့် လှတာတော့လက်ခံသည်။ ပြုံးနေလိုက်တာများ။ လောကမှာ သူစိတ်ထားအကောင်းဆုံးလူတစ်ယောက်လိုကိုပြုံးနေတာ။ စိတ်ကလေးပါလှနေရင် သူ့အတွက်ပိုကောင်းမှာ။

"အဲ့လိုပဲအမြဲတမ်းပြုံးနေ ထာဝစဥ်ရွှေရေ။ အဲ့တာမှနင်နေရာမြဲမှာ" ဟု ညီညီစိတ်ထဲကနေပဲလှမ်းပြောလိုက်တော့သည်။

ခန်းမထဲကလူတွေကတော့ စင်ပေါ်မှာ အတက်အဆင်းဖြစ်နေတဲ့သူတွေဆီမှာပဲ အာရုံရှိနေကြသည်။ ညီညီက အပေါက်ဝနားမှာနေနေရတဲ့သူမို့လို့ ပွဲတစ်ပွဲဖြစ်ဖို့ နောက်ကွယ်ကလှုပ်ရှားနေရတာတွေအများကြီးပဲ ဆိုတာသိလာရသည်။

ဆက်လာမယ့်အစီအစဥ်တွေအတိုင်း အသင့်ပြင်ထားတာရတာ၊ ဆုယူရမယ်ကျောင်းသားတွေအစဥ်လိုက်ဖြစ်နေရဲ့လား ကပေါက်ကချာဖြစ်နေလားဆိုတာ စာရင်းနဲ့အကြိမ်ကြိမ်စစ်ရတာ၊ နောက်ထွက်ရမယ့်ယိမ်းတွေကို အဆင်သင့်ပြင်ခိုင်းထားရတာ၊ လူမစုံတဲ့အခါ လူအုပ်ကြီးထဲတိုးဝှေ့ရှာရတာ စသဖြင့်အလုပ်ရှုပ်လွန်းသည်။

IDOLWhere stories live. Discover now