53 (Uni)

320 28 7
                                    

သက်ထင်မှားတာ။
သက်ထင်ဒီကားကို လက်ခံလိုက်မိတာမှားတာ။ ဘယ်လိိုမှငြင်းလို့မရတဲမျက်နှာနဲ့မို့ မရရအောင်လုပ်မယ်ဆုံးဖြတ်ပြီးကာမှ နောင်တတွေတသီကြီးရနေတော့တာ။

အန်တီချိုကလည်း ဘာတွေလုပ်နေတယ်မသိပါဘူး။ အရင်ကတော့ နှစ်နိုင်ငံဖက်စပ်အလုပ်မှန်သမျှအကုန်ငြင်းထားပြီးမှ ခုနောက်ပိုင်းမှာ မြန်မာ-ကိုရီးယား ရုပ်ရှင်အနုပညာချင်း ကူးလူးဆက်နွယ်မှုတွေပိုလုပ်လာသည်။ သက်ထင် ခုရိုက်ကူးနေသည့်ဇာတ်ကားလည်း တစ်ခုအပါအဝင်ပေါ့။

နှစ်နိုင်ငံဖက်စပ် ဇာတ်ကားမဟုတ်ပေမယ့်
အန်တီချို့ကုမ္ပဏီဘက်က ကမ်းလှမ်းရိုက်ကူးထားတာမို့ ကိုရီးယားမှာလည်း ပရိုမိုးရှင်းဆင်းမယ့်သဘောမှာရှိသည်။

သက်ထင်အနေနဲ့ ခုနှစ်ပိုင်းထဲမှာ ထိပ်တန်းတွေဆီကိုပြန်ရောက်လာခဲ့သည်ဟုဆိုနိုင်သည်။ တိတိကျကျပြောရလျှင် Netflix မှာ သက်ထင်နဲ့ညီညီ့ ဇာတ်လမ်းတွဲ လွှင့်ပြီးခဲ့ချိန်မှစသည်ဟုပြော၍ရသည်။ ကြည့်ရှူနှုန်း တစ်ပတ်ထက်တစ်ပတ်ပိုပိုမြင့်လာခဲ့ပြီး အတန်အသင့်ပေါက်ခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်ခဲ့​သည်။

ထိုအချိန်ကစလို့ ပြည်တွင်းနာမည်ကြီးဒိတ်ဒိတ်ကြဲများနှင့်အတူ အာရှကျော်ဟူသောဂုဏ်ပုဒ်ဖြင့် တန်းတူရပ်တည်လာနိုင်ခဲ့သည်။
သက်ထင်၏ ထိုသို့သောအခြေအနေကို သက်ထင်နှင့်ညီညီရေးစပ်ခဲ့သည့် သီချင်းအားတရားဝင်ဖြန့်ချီချိန်တွင်တော့ အဆမတန်ကိုထိုးပေါက်သွားသည်။ သက်ထင်ရဲ့အဆိုတော် Career တစ်လျှောက်အိပ်မက်ပင်မမက်ဖူးသောအတိုင်းအတာထိပင်။

လူတိုင်း၏ပါးစပ်ဖျားမှာ သက်ထင်သီချင်းတွေချည်းစွဲနေရအောင်ကိုပေါက်ကာ အနုပညာလမ်းပေါ်မှာအရှိန်ပြန်ရလာပြန်ခဲ့သည်။ ပွဲတွေမနားတမ်းတက်ရင်း၊ ပွဲတွေမနားတမ်းဆိုရင်း ပရိတ်သတ်နှင့်အမြဲထိတွေ့နေရင်း ထိပ်တန်းတစ်နေရာက အဆိုတော်မင်းသားသက်ထင်က အကယ်ဒမီရောင်စဥ်လှိုင်းနှင့်ရုပ်ရှင်တွဲရိုက်ရဖို့ဖြစ်လာသည်။

သက်ထင် ငြင်းခဲ့ပေမယ့် အန်တီချိုကိုယ်တိုင်က "သက်ထင်မှမရိုက်ရင်ဒီကားကိုမရိုက်တော့ဘူး။ သက်ထင်ကိုပဲဒီအခွင့်အရေးပေးတာ"ဟုဆိုလာသည့်အတွက် သက်ထင်လက်ခံဖြစ်ခဲ့သည်။

IDOLWhere stories live. Discover now