57 (Uni)

373 32 1
                                    

VIP ခန်းတွင် လူတွေအုံနေဆဲ။

ကုတင်ပေါ်မှာ ငြိမ်သက်စွာလဲလျောင်းနေသည့် လူနာတစ်ယောက်သည် နှစ်ရက်ကြာသည့်တိုင်သတိမရသေးပေ။ ဆရာဝန်ကအခြေအနေကောင်းပေမယ့် စောင့်ကြည့်ရမည်ဆိုတာကြောင့် ရင်တထိတ်ထိတ်နှင့်စောင့်နေကြရသည်။ မိဘနှစ်ပါးရော အဖွဲ့ဝင်တွေကပါ အရိပ်တကြည့်ကြည့်။

အဖြူရောင်ဆေးရုံဝတ်စုံဝတ်ဆင်ထားရာ ကိုယ်လုံးလေးက ရက်ပိုင်းအတွင်း ပိုပိန်လှီသွားသည်။ ဝေဒနာကိုခံစားလာရတာ တစ်နှစ်နားကပ်နေပြီတဲ့လေ။ လက်ကောက်ဝတ်လေးဆိုတာ အရိုးသာသာ။

"အန်တီ ကျွန်တော်တို့ စောင့်လိုက်ပါ့မယ်။ အိမ်ကိုပြန်နားပါဦး"

"ဒါဆို သားကိုကြည့်ပေးထားပါဦး။ သတိရလာရင်ချက်ချင်းဖုန်းဆက်နော်"

"ဟုတ်ကဲ့ အန်တီ။ ဖြစ်သွားသမျှကိစ္စတွေအတွက်သာ ကျွန်တော်ကပဲတောင်းပန်ပါတယ်"

အန်တီက အခန်းအတွင်းင မန်ဘာတွေအားလုံးကို တစ်ချက်ဝေ့ကြည့်သည်။ အပြစ်တင်သည့်မျက်လုံးများတော့မဟုတ်။ ဒီအခြေအနေမှာ ဘယ်သူ့ကိုမှ အပြစ်တင်နေမှာလည်းမဟုတ်ပေ။

"မဟုတ်တာကွယ်။ မန်ဘာတွေကိုပြောပြမထားမိတော့ သူတို့လည်းဘယ်သိပါ့မလဲ။ ညီညီ့ကိုသာ ဆက်စောင့်ကြည့်နေပေးပါနော့်"

"ဟုတ်"

ထို့နောက် CEO ဒေါ်မေရည်ချို ပြန်သွားသည်။ နှစ်ရက်လုံးလုံးနေ့မနားညမနား ကုမ္ပဏီပစ်၍ အနီးကပ်ပြုစုတာမြင်ရတာ သူ့သားထပ်အရေးကြီးတာဘာမှမရှိသယောင်။ မြန်မာပြည်က အဖေဖြစ်သူလည်း ချက်ချင်းကိုရောက်ချလာသည်။

ဒယ်ဟိုတို့လည်း လူလဲနဲ့လူနာစောင့်ပေးရသည်။ အရေးထဲ ဇေ့ကို ဆက်သွယ်မရတာ နှစ်ရက်ရှိပြီ။ အိမ်မှာလည်းမရှိ။ အိမ်လည်းပြန်မလာဘဲ ဘယ်တွေရောက်နေတာလဲ ဇေရေ။ Eagle က မင်းကိုလိုအပ်နေတယ်ကွ။

"Hyung.... Eagle Hyung က နိုးလာမှာပါနော်။ အဟင့်ဟင့်"

ယောင်းမင်းဆို Eagle လဲကျသွားတယ်ဆိုကတည်းက သူ့ကြောင့်ပါဆိုပြီးအငိုမပြတ်။ ဒေါနဲ့မောနဲ့အရင်ထွက်သွားပေမယ့် လဲကျသွားတယ်လည်းဆိုရော အပြေးပြန်ရောက်ချလာတာ။ အစောကြီးကတည်းက စိတ်ထိန်းလိုက်ပါတော့လားကွာ။ ခုလိုတွေလွန်ကုန်တော့ ဘယ်သူ့အတွက်ကောင်းလို့လဲ။

IDOLWhere stories live. Discover now