13 (Uni)

433 53 6
                                    

[Song Recommend - Just give me a reason Cover by Sam Tsui & Kylee]

Pink - Just give me a reason ft. Nate Ruess

နောက်ဆုံး အစ်ကိုရွေးလိုက်တဲ့သီချင်း။ အစ်ကိုရွေးထားတာဆိုပေမယ့် ညီညီ့ရဲ့သဘောထားကို အရင်ဆုံးမေးတာပါ။

"ဘာသီချင်းရွေးမလဲ။ ဘယ်လိုသီချင်းမျိုးကိုပိုပိုင်လဲ။ ဘာသီချင်းတွေရလဲ။ ဘယ်အားထစ်(Artist) ကိုပိုခရေဇီဖြစ်လဲ" စသဖြင့်ပေါ့။ အဲ့လိုဦးစားပေးမေးပေးတော့လည်း ​ဘာပြန်ဖြေရမှန်းမသိအောင်ကို ပျော်ရတာပါပဲ။

ကိုယ့်သဘောထားကို လိုလိုလားလားမေးနေစဥ်ကဆို ပရော်ဖက်ရှင်နယ်ပီသတဲ့ အစ်ကို့ကိုပိုပိုပြီးလေးစားလာမိတာ။ ပြီးတော့ ပိုအံ့သြဖို့ကောင်းသေးတာက ညီညီ့အကြောင်းတွေပါ အစ်ကိုကသိနေတာပဲ။ သက်နှင်းပြောပြထားတာတဲ့။

ညီညီ့ကိုဆို အတန်းသူအတန်းသားတွေက အထင်သေးတဲ့အကြောင်း၊ ညီညီက ကိုယ့်နောက်ကြောင်းကိုဘယ်သူ့ကိုမှမပြောခိုင်းတဲ့အကြောင်း၊ တစ်ယောက်ယောက်နဲ့ယှဥ်လာရင် အမြဲအပယ်ခံပြီးအနှိမ်ခံရကြောင်းတွေပေါ့။
ဟိုနေ့ကလည်း ရန်ပွဲကြောင့်နဲ့ ညီညီ့အစွမ်းအစတွေထုတ်မပြလိုက်ရတာကို ဒေါင်းယောင်ဆောင်တဲ့ကျီးဆိုပြီးဝိုင်းကဲ့ရဲ့ကြတာကမှအစ အစ်ကိုကပြောပြတော့ ညီညီ့မှာအင်တင်တင်လေးသာလုပ်နိုင်တော့သည်။ အစ်ကိုပြောတဲ့စကားတစ်ခွန်းဆိုရင် ညီညီ့နားထဲ ခုထိပဲ့တင်သံထပ်နေတုန်း။

"ဒီပွဲက ညီညီ့ပွဲပဲ၊ အစ်ကိုကူညီမယ် "တဲ့။

ဟုတ်ပါတယ်။ ဒါကြောင့်လည်းသီချင်းရွေးတာတောင် တီးလုံးမှာလည်း အောက်ကပရိတ်သတ်အထင်ကြီးလောက်မယ့် ကော့ဒ်တွေပါရမယ်။ နှစ်ယောက်ဆိုမှာဖြစ်တဲ့အတွက် ယောက်ျားလေးနှစ်ယောက်အတွဲညီညီဆိုလို့ရတဲ့သီချင်းဖြစ်ရမယ်။

လူ့သဘောသဘာဝအရ ​အော်နိုင်လေအထင်ကြီးလေဖြစ်တဲ့အတွက် High Note ပါတဲ့သီချင်းမျိုးဖြစ်ရမယ်။ ကိုယ့်အတွက်လည်းအနည်းငယ်စွန့်စားမှုလုပ်ရတဲ့သီချင်းလည်းဖြစ်ရမယ်တဲ့လေ။

ကိုယ့်အတွက် တစ်ရေးနိုးထဆိုတောင် ကီးမပျက်ဆိုနိုင်အောင်ကျွမ်းတဲ့သီချင်းမျိုးဆို ကိုယ့်အရည်အချင်းကိုလည်းလျှိုထားရာရောက်သလို အောက်ကပရိတ်သတ်ရဲ့စိတ်မှာလည်း "သူကဒီလောက်လေးပဲလုပ်နိုင်တာလား။ သူ့လောက်ကတော့ငါတောင်လုပ်နိုင်တယ်" ဆိုပြီးထင်သွားကြမှာတဲ့။
ပါရမီရှင်တွေအဖို့ ပါရမီဆိုတာ အများသူငှာထက်ထူးခြားစွာပါလာတဲ့ တစ်ကိုယ်တည်းပိုင်အရည်အချင်းမို့ ကြွားဝါတာမဟုတ်ဘဲ ပြခွင့်ရှိလို့ပြရတာ ပြကိုပြရမယ်တဲ့။ အစ်ကိုက အဲ့လိုစကားတွေ​လည်းပြောတတ်သေးတာ။
ညီညီ့မှာတော့ အစ်ကို့ကိုလေးစားပြီးရင်းလေးစားပဲ။

IDOLWhere stories live. Discover now