Thanking

281 15 2
                                    

(Uni)

Hello!

အားလုံးပဲ မင်္ဂလာပါ။
June 4 ရက်နေ့မှာပဲ "IDOL" လေးကို စပြီးတင်ခဲ့ပါတယ်။ မနက်ဖြန်ဆို လေးလပြည့်ပါပြီ။

သည်ဝတ္ထုကိုစပြီး ဖန်တီးဖြစ်တဲ့အကြောင်းရင်းကတော့ K Pop fan တစ်ယောက်ရဲ့ အိပ်မက်တစ်ခုကနေအခြေတည်တယ်လို့ ပြောလို့ရပါတယ်။ K Pop fan တစ်ယောက်အနေနဲ့ ဝတ္ထုအစ Intro မှာရေးထားသလိုပဲ ကိုယ့်နိုင်ငံကနေ ကိုယ့်နိုင်ငံကိုအမြဲဂုဏ်ပြုထင်ဟပ်နေစေနိုင်မယ့် ကမ္ဘာကျော်အိုင်ဒေါ်လ်တစ်ယောက်တော့ထွက်စေချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း အိုင်ဒေါ်တစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိခဲ့တာကိုး။ ဒါ့ကြောင့် "ဂုဏ်ရည်ညီညီ"ဇာတ်ကောင်ကို ကျွန်တော့်ရဲ့အိပ်မက်၊ ကျွန်တော့်ရဲ့မျှော်လင့်ချက်၊ ကျွန်တော်ရဲ့ဝါသနာတွေအားလုံးရင်းနှီးမြှုပ်နှံပြီး ဖော်ဆောင်ခဲ့ပါတယ်။

ဂုဏ်ရည်ညီညီရဲ့မွေးနေ့က ၂၂.၂.၂၀၀၂ မို့ နှစ်ငါးလုံးအရေးတော်ပုံနေ့ဖြစ်ပါတယ်။ စာရေးသူရဲ့မွေးနေ့လည်းဖြစ်ပါတယ်....အဟက်။

ဂုဏ်ရည်ညီညီပွဲဦးထွက်စေခြင်းမှာ "ဂုဏ်ရည်ညီညီကအစကတည်းက ဒိတ်ဒိတ်ကြဲမိသားစုကပဲ သူ့အိုင်ဒေါ်လ် ဘဝကထင်သလောက်မပင်ပန်းပါဘူး"လို့ ပြောတဲ့သူရှိပါတယ်။ မှန်ပါတယ်။ ကျွန်တော်က ဂုဏ်ရည်ညီညီကိုပွဲဦးထွက်ဖို့အသင့်ရနိုင်တဲ့နေရာမှာထားပြီးရေးခဲ့တာက ဂုဏ်ရည်ညီညီသည် ဟိုးအောက်ခြေလုံးဝအဆင့်ကသာဆိုရင် တကယ့်အပြင်လောကမှာ အိုင်ဒေါလ်အဖြစ်ပွဲဦးထွက်န်ုင်ဖို့က ဝေးကွာလွန်းတယ်လို့ထင်တယ်။ ရအောင်ရေးရင်တော့ဖြစ်တာပေါ့။ ပြင်ပလောကမှာ အိုင်ဒေါ်လ်ဖြစ်ဖို့ ပါရမီတစ်ခုတည်းနဲ့မလုံလောက်တာမို့ ဂုဏ်ရည်ညီညီ့ကိုခုလိုထားခဲ့ခြင်းဖြစ်တယ်။ အမေကိုယ်တိုင်က CEO ဖြစ်နေလို့ ဂုဏ်ရည်ညီညီကိုပေါပေါပဲပဲပွဲဦးထွက်ပေးလိုက်တာမျိုးမရေးထားဘဲ တခြားကုမ္ပဏီမှာ ဒုက္ခခံရတဲ့အကြောင်းကိုဖော်ထားခြင်းဖြစ်ပါတယ်။

Idol တစ်ယောက်ရဲ့ဘဝက ကျွန်တော့်ဝတ္ထုထဲက အိုင်ဒေါ်လ်တစ်ယောက်ဘဝထက် ပိုခမ်းနားပါတယ်။ ပိုပင်ပန်းပါတယ်။ ပိုပေးဆပ်ရပါတယ်။ ပိုအရင်းအနှီးကြီးပါတယ်။ ကျွန်တော်ပုံဖော်နိုင်တာ ဆယ်ပုံသုံးပုံလောက်ပဲရှိတာပါ။

You've reached the end of published parts.

⏰ Last updated: Oct 03, 2022 ⏰

Add this story to your Library to get notified about new parts!

IDOLWhere stories live. Discover now