4 (Uni)

519 41 6
                                    

"ငါကလည်း ညီညီ့ကိုထိရင် လုံးဝမခံဘူး"

မှန်ကြောင်ကောင်လေးဆီသို့ ပစ်လွှတ်နေကြ
သည့် စကားသံတွေကြားထဲ ထိုးထွက်လာသည့်အသံတစ်သံ။ တစ်သံတည်းဖြင့် ကြည်လင်ပြတ်သားနေသည့်အသံ။ တုန်လှုပ်စရာကောင်းအောင် မျက်နှာတင်းတင်းနှင့်ထပြောလာသည့် မိန်းကလေးဆီသိူ့ အကြည့်များတစ်ဖန် ရောက်ကုန်ကြလေသည်။

ထာဝစဥ်ရွှေအပါအဝင် သူ့ဘက်ကလိုက်ပြောခဲ့သည့်သူတွေပါ မျက်ခုံးများပင့်လျက်မျက်လုံးအပြူးသားဖြစ်ကုန်ကြတာမြင်တော့ ညီညီအံကြိတ်၍ပြုံးမိသည်။

အဟင်း ဘယ်နှယ်ရှိစ။ ထာဝစဥ်ရွှေ မျက်နှာကြီးတာ သက်နှင်း ထမင်းစားရေသောက်နေတာလောက်ရှိတာ။ အမှန်တော့လေ ထာဝစဥ်ရွှေက မျက်နှာကြီးတာမဟုတ်။ မျက်နှာယောင်နေတာ။ ယောင်ကိုင်းပြီးကြီးနေတာကိူ အထင်မှားပြီး မာန်စွယ်ငေါနေတာ။

ဒါတောင် သက်နှင်းခန့်ထင်ဆိုတာ မင်းသမီးမဟုတ်။ အဆိုတော်မဟုတ်။ ဆယ်လီလည်းမဟုတ်။ Blogger, Announcer, Presenter ဘာဆိုဘာမှမဟုတ်။

သာမန်လူ။

နိုင်ငံကျော်အဆိုတော် သက်မင်းခန့်ထင်ရဲ့ညီမအရင်းခေါက်ခေါက် သက်နှင်းခန့်ထင်တဲ့။
တစ်နည်းအားဖြင့် ကျောင်းရဲ့ထောက်တိုင် မိသားစု၊ ပိုခမ်းခမ်းနားနားပြောရရင် မြန်မာပြည်ရဲ့ ဂီတလောကကို လွှမ်းမိုးထားတဲ့သူတွေရဲ့ သမီး​။

သက်နှင်းမိဘတွေဖြစ်တဲ့ ဦးအံ့မော်ခန့်ထင်နဲ့ဒေါ်သစ္စာနှင်းဆိုတာ ဂီတလောကမှာ မြောက်များစွာသော စတူဒီယိုကြီးတွေပိုင်ဆိုင်ပြီး နိုင်ငံကျော်အဆိုတော်တွေထဲက သူတို့စတူဒီယိုနဲ့ လွတ်တဲ့သူဆိုတာခပ်ရှားရှားရယ်။ ပါရမီရှိသည့် လူငယ်တွေနဲ့ စာချုပ်ချုပ်ပြီး ကောင်းကောင်းလေ့ကျင့်သင်ကြားပေး၊ ကောင်းကောင်းပွဲဦးထွက်စေသည့်အပြင် အိပ်မက်တွေကိုအကောင်အထည်ဖော်ပေးနေသည့် မြန်မာ့ပထမဆုံး Musical Entertainment ပိုင်ရှင်ရဲ့သမီးဆိုတော့လည်း ဘာမှမလုပ်ဘဲနဲ့ကို အရှိန်အဝါကြီးနေတာမျိုး။

ညီညီပြောရဲသည်။ စောစောကမှ ထာဝစဥ်ရွှေမှ ထာဝစ​ဥ်ရွှေလုပ်နေတဲ့သူတွေ ညာပေါင်ပြောင်းကပ်ပြီး သက်နှင်းမှသက်နှင်း လုပ်တော့မယ်ဆိုတာ။

IDOLWhere stories live. Discover now