51 (Uni)

333 20 2
                                    


Braking News - "Artist-K အဖွဲ့ဝင် Eagle နှင့် အဆိုတော်သက်မင်းခန့်ထင်တို့ တွဲဖက်သရုပ်ဆောင်ထားသည့် "Falling in Love" Boy Love ရုပ်သံဇာတ်လမ်းတွဲသည် Netflix မှာပထမဆုံးပြသခွင့်ရခဲ့သည့် မြန်မာ့ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့"

မြန်မာတွင်သာမက နိုင်ငံအသီးသီးမှ Fan Page စာမျက်နှာများတွင် ထိုသတင်းသည်အသီးသီးတက်ကုန်ကြလေသည်။ အစကတော့ ပြည်တွင်းလွှင့်ဖို့လောက်သာ ရည်ရွယ်ထားသော်လည်း Netflix ကနေဝယ်သွားသည်ဟု သိရချိန်တွင် ညီညီအတော်နဲ့အပျော်မပြတ်။

ကိုယ့်တစ်နိုင်ငံတည်းသိ Channel ကနေ Netflix လို Globalization Stream လို့ရတဲ့ Channel မှာ ပါဝင်ခွင့်ရလိုက်တာကိုက ကိုယ့်အတွက် တကယ့်ဆုလာဘ်ကြီးလို့​ပြောလို့ရသည်။ အထူးသဖြင့် ကိုယ့်နိုင်ငံရဲ့ အရောင်မှိန်ပြီးလမ်းသိပ်မပေါက်သေးသည့် ရုပ်ရှင်လောကကို ညီညီကစပြီး ထင်ထင်ရှားရှား လမ်းဖော်ပေးလိုက်နိုင်သလိုမျိုး။

Artist-K fan page တွေအပြင် K Pop Fandom Page ပေါင်းစုံကနေ အသီးသီးဖြန့်ဝေထားကြသည့်သတင်းတစ်ခုကြောင့် Series သည် နာမည်နှင့်ပိုစတာသာ ချပြထားရသေးသော်လည်း စိတ်ဝင်စားမှူက တဟုန်ထိုးထိုးတက်နေလျက်ရှိသည်။

ပြည်တွင်းမှပရိတ်သတ်များကပို၍ အုန်းအုန်းကြွပ်ကြွပ်ဖြစ်ကာ International Mode အပြည့်နှင့် ပထမဆုံးစတင်လျှောက်လှမ်းခွင့်ရသည့် ဇာတ်ကားမို့ အင်တိုက်အားတိုက် အားပေးဝန်းရံကြရန် ပြင်ဆင်ကြတာ တွေ့ရသည်။ စတင်လွှင့်မည့်ရက် ကြေငြာလိုက်ပြီမို့ သိပ်မကြာခင်ပဲ ညီညီ မြန်မာပြည်သို့တစ်ယောက်တည်း နောက်တစ်ခေါက် ထပ်ပြန်ရဦးမည်။

ဇေနဲ့လည်း ခုတလော အေးဆေးမတွေ့ရ။ သူ့ဘက်ကအရင်လိုပုံမှန်ပဲဆိုပေမယ့် ညီညီ့စိတ်ထဲမှာကို သူရှောင်နေတယ်ဆိုတာသိလာသည်။ အတူနေလာတာကြာပြီဆိုတော့ အမူအရာတွေကမသိသာပေမယ့် စိတ်ထဲကအလိုလိုသိနေတာ။

အချိန်ဇယားတွေကလည်းမပြတ်တော့ ကြားထဲနှစ်ယောက်တည်းစကားမပြောမိတာနဲ့ပေါင်းပြီး ခုရက်ထဲအနေပိုဝေးသွားသလိုပဲ။ အကြောင်းအရင်းကိုလည်းမသိရပဲနဲ့ ခုလိုကြီးလျစ်လျူရှုခံနေရတာကို ညီညီမကြိုက်ပါ။ စိတ်ထဲမတင်မကျနဲ့။ ဝုန်းဒိုင်းပွဲကြမ်းလိုက်ရအောင်ကလည်း သူ့ပုံစံက မူမမှန်တာမျိုးရှိမနေ။ ထို့ကြောင့် ချော့မော့ပြောကြည့်ရုံသာရှိသည်။

IDOLWhere stories live. Discover now