3 (Uni)

583 48 5
                                    

"မင်းတို့ရဲ့ ရပ်ကွက်ထဲ ဇိုးဘဲတွေ သိပ်ပေါလို×××
ခါးကြားထဲဓားထိုးပြီးတော့ မင်းဆီလာခဲ့မလို့×××
အိမ်ရှေ့ထွက်ခဲ့ပါတော့×××မင်းမျက်နှာလေးကို ငါငေးဖို့×××"

စာသင်ခန်းထဲ ညီညီ့သီချင်းသံသည် စည်းချက်ညီညီပျံ့လွင့်လျက်ရှိသည်။ ကိုယ်ကလွဲ၍လည်း စာသင်ခန်းတစ်ခန်းလုံး လှုပ်ရှားသက်ဝင်နေကြလျက်။
သင်ပုန်းဖျက်တဲ့သူဖျက် တံမြက်စည်းလှဲတဲ့သူလှဲ စကားပြောတဲ့သူပြောနဲ့ အထက်တန်းကျောင်းသားကျောင်းသူဘဝ၏ သရုပ်ပုံသည်အသက်ဝင်နေသည်။

ညီညီကတော့ ကိုယ့်ခုံမှာကိုယ် အေးဆေးထိုင်ပြီး သီချင်းလေးညီးနေသည်။ လက်တစ်ဘက်က ခုံကိုခေါက် ကျန်တစ်ဘက်က ခုံလေးပုတ်ကာ
တစ်ကိုယ်စာကြားနိုင်ရုံ သီချင်းညီးနေရတာ ညီညီ့အတွက် စိတ်အအေးချမ်းဆုံးအလုပ်။

အေးချမ်းရအောင်လည်း ရင်ထဲကို ဂီတထည့်ထားတာ။ ဂီတဆိုတာကလေ ခံစားတတ်ရင် သိပ်ကိုရသမြောက်တာ။ ဒိုရေမီဖာဆိုလာတီ နဲ့တည်ဆောက်ထားတဲ့ တေးသွားသံစဥ်အနိမ့်
အမြင့်တွေဟာ ညီညီ့အဖို့ အကောင်းဆုံးအဖော်ပဲ။ ကိုယ့်မှာ ပျင်းတဲ့အချိန်ရယ်လို့မရှိဘူး။ လုပ်စရာမရှိတဲ့အချိန်ဆို သီချင်းဆိုနေလိုက်တာပဲ။

သီချင်းဆိုတာကလည်း ဆိုတတ်ဦးမှကိုး။ ပါးစပ်တစ်ပေါက်ပါပြီး အသံထွက်တတ်တိုင်း သီချင်းဖြစ်လာတာမဟုတ်လေ။ စိတ်အပန်းပြေအောင် သီချင်းဆိုပြီးဖြေတယ်ဆိုပေမယ့် နှုတ်ကထွက်လာတဲ့အသံကလည်း သူများနားထဲ ကြားသာနာသာရှိဦးမှ။ သူများမကြားရင်တောင် အနည်းဆုံးတော့ ကိုယ့်အသံကိုယ်ပြန်ကြားပြီး ကိုယ့်စိတ်အေးချမ်းတာပေါ့။

ညီညီက သီချင်းဆိုတတ်ချင်လို့ ဖေဖေတို့ကို Vocal Training Class တစ်ခုပေးတက်ဖို့ပြောတော့ ဖေဖေတို့ကလည်း ဝါသနာကိုမြေတောင်မြှောက်ပေးပါသည်။ အခုဆို ဂီတာလည်း ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပြီ။
စန္ဒယားလည်း တီးတတ်ပြီ။ တယောတီးဆက်သင်နေသည်။ တူရိယာဆိုတာနဲ့ ညီညီကအကုန်တီးတတ်ချင်တဲ့လောဘက ငယ်ငယ်ကတည်းက ကိန်းအောင်းခဲ့တာ။ ဆန္ဒတွေများနေတော့ "မျောက်သစ်ကိုင်းလွတ်"လိုမဖြစ်အောင်လည်း တစ်နှစ်ကိုတစ်မျိုးစောက်ချသင်ခဲ့တာ ခုဆိုရည်မှန်းချက်တွေအတော်ပြည့်လုခဲ့ပေပြီ။

IDOLWhere stories live. Discover now