60 (Uni)

364 37 1
                                    

Chart တွေထိပ်တွင် ကြောက်ခမန်းလိလိကြမ်းနေသည့် "WhiteNet×Artist-K Collab Song"

သီချင်းထွက်ပြီး နှစ်ရက်မပြည့်ခင်ပင် RAK စရပြီး ယခုဆိုလျှင် PAK ထိဆက်သွားနေပြီဖြစ်သည်။

ပြည်တွင်းတင်လားဆိုတော့ မဟုတ်သေး။ Global Chart များဖြစ်သည့် Billboard Top 200, Billboard Top 200 Excl Us, Billboard Hot trending songs, Billboard Digital Sales Chart စသဖြင့် နိုင်ငံတကာ Chart ထိပ်တွေထိ ပတ်ကြမ်းနေသည်။ Hot 100 မှာပင် No.90 ပင် ရကာ Artist-K အတွက် Billboard Hot 100 သို့ခြေထပ်ချနိုင်ခဲ့သည့် နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်လာခဲ့လေသည်။

Legendary အဖွဲ့နှင့် Rokie ဘဝကတည်းကကြမ်းလာသည့်အဖွဲ့ နှစ်ဖွဲ့၏ သီချင်းထဲမှ အဓိကချပြထားသည့် မြန်မာ့ Culture များကို လူတွေစိတ်ဝင်စားမှူမြင့်တက်နေကြသည်။ မြန်မာပြည်နောက်ခံထားပြီး မြန်မာမှုများရောယှက်ပါဝင်နေသည့် သီချင်းဗီဒီယိုအပြင်အဆင်သည် K pop Mv အားလုံးနှင့်ကွဲထွက်နေခဲ့သည်။

လေးမိနစ်မရှိတရှိ သီချင်းတစ်ပုဒ်မှာပင် မြန်မာ့ယဥ်ကျေးမှုကို အတော်ထင်ဟပ်ပြနိုင်ခဲ့သည့်အတွက် မေမေသည် ပြည်တွင်း၌ လူပြောများခဲ့လေသည်။ မေမေသည် မြန်မာ့ယဥ်ကျေးမှုကို ပထမဆုံးစတင်ချပြခဲ့သူမဟုတ်သော်လည်း ဂီတတေးသွားနှင့် ကမ္ဘာကိုဖွင့်လှစ်ပြနိုင်ရန် ကြိုးစားပေးခဲ့ခြင်းကြောင့် မြန်မာ့အကြောင်းကို လူတွေပိုစိတ်ဝင်လာကြကြောင်း၊ မြန်မာယဥ်ကျေးမှု နှင့်ပတ်သတ်သည့်အရာများခုလအတွင်းမှာပင် ဝယ်ယူမှုမြင့်လာကြောင်း သိရသည်။

မေမေနှင့်အတူ  ညီညီပါချီးကျူးခံရသည်။

တစ်နှစ်တာအတွက် Biggest Collaboration ဟုပင်တင်စားခံရကာ နှစ်ကုန်ဆုပေးပွဲတွင် Song of the year Daesang ဆုအတွက် နံပါတ်တစ်ပြေးနေလေသည်။ ထိုသို့ကောင်းသတင်းများကိုမြင်ရ၍ ညီညီ့စိတ်အခြေအနေတွေကောင်းနေသည်။ ညီညီအနားယူချိန်တွင် ထွက်ရှိလိုက်သည့်သီချင်းအသစ်မို့ ပရိုမိုးရှင်းများတွင်တော့ ညီညီမပါဝင်တော့။

မန်ဘာတွေကလည်း ညီညီမပါ၍ နေသားမကျဟုဆိုကာ နေကောင်းလာဖို့ကိုသာ ခဏခဏပြောသည်။ ဖန်တွေကလည်း ညီညီပြန်လာဖို့ကိုမျှော်လင့်နေကြပြီး အဖွဲ့အစုံအလင်နှင့် ပြန်မြင်ရမည့်အချိန်ကို စောင့်နေကြဆဲပင်။

IDOLWhere stories live. Discover now