32 (Uni)

333 40 2
                                    


"Debut Song နဲ့တင် စံချိန်များစွာတင်နိုင်ခဲ့
သည့်  Rookie Moonstar Artist-K"

"Senior Blackpink နဲ့အတူ Debut Song PAK တွဲရယူလာနိုင်ခဲ့သည့် Artist-K"

"Chart တွေထိပ်မှာရှယ်ကြမ်းနေသည့်
Artist-K's Freedom"

Article တွေတစ်ခုပြီးတစ်ခုဆက်တိုက်တက်လာနေသည်။

သတင်းတွေအတိုင်း ညီညီတို့ပွဲဦးထွက်သီချင်းသည် မမျှော်လင့်ထားသည့်အခြေအနေတွေအထိ ပေါက်နေလျက်။ သီချင်းထွက်ပြီးသုံးရင်မပြည့်ခင်မှာပဲ RAK (Real time All Kill) ရလေသည်။

RAK ဟူသည် Chart တိုင်းရဲ့ထိပ်ဆုံးတွင် ပြိုင်တူ တစ် ရနေခြင်းဖြစ်သည်။ တစ်ရက်မှနှစ်ရက် နှစ်ရက်ကနေတစ်ပတ်အထိ တစ်ကနေမှမဆင်းလျှင် PAK (Perfect All Kill) ရသည်။
K Pop တွင် PAK ရဖို့က အတော်ပင်မလွယ်ကူပါ။ Fandom အားကြီးသည့် အဆိုတော်တိုင်း​တောင် PAK မပြောနဲ့ RAK ရဖို့မလွယ်ကူပါ။

BIGBANG, IU, BTS, TWICE နှင့် BLACKPINK တို့လို Fandom ကြီးအဖွဲ့တွေလောက်သာ PAK သီချင်းတွေပိုင်ဆိုင်ကြတာ။ ဒါတောင် သူတို့ထွက်သမျှသီချင်းတိုင်းက PAK မဟုတ်။
PAK စည်းမျဥ်းပြောင်းပြီးနောက် PAK ဆိုတာလွယ်လွယ်နဲ့မရသည့်တိုင် ညီညီတို့ကကံကောင်းထောက်မစွာရယူနိုင်ခဲ့တာပင်။

ပွဲဦးထွက်ကတည်းက PAK ရတာဆိုရင်တော့ Worldwide Biggest Band ဖြစ်သည့် Blackpink တစ်ဖွဲ့သာရှိဖူးရာ ခုဆို နှစ်ဖွဲ့ဖြစ်ခဲ့လေပြီ။ Artist-K က သမိုင်းသစ်တစ်ခုရေးထိုးနိုင်ခဲ့ပြီ။

ညီညီဆို ဂဏန်းတွေမမက်ဘူးဆိုသော်လည်း PAK လိုဂုဏ်ပုဒ်ကြီးကိုတော့လွန်စွာမှမက်သည်။ RAK စရတဲ့နေ့တုန်းကဆို ညီညီတို့တစ်ဖွဲ့လုံး အပျော်တွေတော်တော်နဲ့အတောမသတ်။

SNS တို့ Naver တို့မှာလည်း Artist-K ရဲ့သတင်းတွေချည်းတက်နေတော့သည်။ ပွဲဦးထွက်တစ်ပတ်ပြည့်အတွင်းမှာကို ညီညီတို့မှာ အလုပ်တွေအားကိုမအား။ Music Show တွေသွားရ ပွဲတွေသွားရ ကြော်ငြာရိုက်ကွင်းသွားရနဲ့။

Album Sale ပိုင်းမှာလည်း တက်သစ်စအဖွဲ့တစ်ဖွဲ့ရသင့်သည့် အရေအတွက်ပမာဏအဆုံးထိရခဲ့၍ Physical ရော Digital ပါကြမ်းနေသည့် Artist-K သည် INKIGAYO, Show Champion, M Countdowm တို့မှာ 1st ,2nd, 3rd Win အထိ ကို ဆက်တိုက်ရယူနိုင်ခဲ့လေသည်။

IDOLWhere stories live. Discover now