54 (Uni)

327 30 9
                                    


"ညီ ဘာဖြစ်နေတာလဲ။ မျက်နှာကလည်းမှုန်ကုပ်ကုပ်နဲ့"

"ဘာမှမဖြစ်ပါဘူး။ ရိုက်ကွင်းကပြီးပြီလား"

"မပြီးသေးဘူး။ နောက်တစ် Scene ကျန်သေးတယ်။ ရေကူးကန်ထဲရိုက်ရမှာ"

"အော် ....  ကို တစ်ယောက်တည်းလား"

ကိုကသက်ပြင်းတစ်ချက်ချကာ မပြောချင်ပြောချင်ပြောရတော့မည့်ပုံဖြစ်သွားသည်။

"မဟုတ်ဘူး နှစ်ယောက်။ ခုနကနမ်းရတာကလေ ဘာသဘောမှမပါဘူးနော် ချစ်။ နောက်ရိုက်ရမယ့်အခန်းကလည်း ရေကူးကန်ထဲမှာ ရိုတဲ့အခန်းမို့လို့ ဟို.... ညီကိုမကြည့်စေချင်ဘူးကွာ။ ညီ ဇေနဲ့ ပြန်လိုက်ပါ့တော့လား။ ညီ့ရှေ့မှာ သူများကို ဖက်လိုက်နမ်းလိုက်လုပ်နေရတာ ကိုယ်အဆင်မပြေဘူး။ ဖြစ်နိုင်ရင်ဒီကားကိုလျော်ကြေးပေးပြီး ထွက်ပစ်ချင်တယ်"

"ထွက်တော့မထွက်ပါနဲ့။ ပြန်စေချင်ရင် ညီပြန်ပါ့မယ်"

"အင်း ..... ကိုယ့်အချစ်က ဒီလိုနားလည်ပေးလို့သာပေါ့။ နောက်ကိုဆင်ခြင်ပါ့မယ်နော်။ ဒီလိုဖက်လှဲတကင်းအခန်းတွေပါတဲ့ ဇာတ်ကားတွေထပ်လက်မခံတော့ဘူး"

ကို့စကားတွေက ညီညီ့ကိုဝမ်းမသာစေပါ။ အပွေ့အဖက်လောက်ကိုလည်း ညီညီသဝန်မတိုပါ။ အချစ်ကားဖြစ်ဖြစ် အမုန်းကားဖြစ်ဖြစ် အပွေ့အဖက်ဆိုတာကတော့ပါကြတာချည်း။ ကို့အတွက် အစစအရာရာ အဆင်ပြေအောင်လို့သာ "ညီသဝန်မတိုပါဘူး။ စိတ်ချလက်ချရိုက်"ပြောရတာ တကယ်တမ်းညီညီ့ရင်ထဲမှာ အများကြီးသဝန်တိုပါသည်။

ကိုယ့်အပေါ်မှာတကယ်ချစ်ခင်တဲ့ ကို့အချစ်တွေကိုမြင်နေရလို့သာ နှလုံးတစ်ဝက်အေးနိုင်တာ။

အထူးသဖြင့် ညီညီ့ထက်အရင်ချစ်ခဲ့ဖူးတဲ့၊ သူ့ကိုဘယ်လောက်ချစ်ကြောင်း ညီညီ့ကိုတောင်ပြောပြဖူးတဲ့၊ ကိုယ့်အရှေ့မှာ အစ်ကို့ရဲ့ချစ်တတ်မှူကြီးကို ခဏခဏမြင်ရစေခဲ့တဲ့သူနဲ့ ပြန်လည်တွေ့ဆုံပြီး ဒီလိုအချစ်အခန်းတွေ ရိုက်ကူးနေတာကို ညီညီကပြုံးပြုံးလေးကြည့်ပြီး " ဒါအလုပ်သဘောအရနမ်းတာ။ ငါဘယ်လိုမှမခံစားရဘူး။ ငါ့ချစ်သူက ငါ့ကိုပဲချစ်တာ"လို့တွေးနေမယ်ထင်လို့လား။

IDOLWhere stories live. Discover now