38 (Uni)

312 33 0
                                    

Artist-K's Second Comeback

Mini Albulm နောက်တစ်ချပ်နှင့်အတူ အဖွဲသက်တမ်း ၈လပြည့်တွင် ဒုတိယအကြိမ်မြောက် Comeback ပြုလုပ်လာသည့် Artist-K သည်
အရင်တစ်ခါကထက်ပင်ပိုပေါက်မြောက်နေလေသည်။ သည်တစ်ခေါက်သီချင်းသည် အဆွေးသီချင်းဖြစ်၏။

ချစ်သူ၏ထားခဲ့ခြင်းကိုခံရသည့် ယောက်ျားလေးတစ်ယောက်၏ရင်တွင်းခံစားချက်များကို သီဖွဲ့ထားသည့် အဆွေးသီချင်း။ မြူးကြွသွက်လက်ပြီး နားဝင်လွယ်သည့် Beat တီးလုံးများခေတ်စားရာ Generation Era တွင် ဆွေးမြေ့ဖွယ်တယောသံနှင့် Tempo နေရာ Orchestra တီးလုံးသံလွင်လွင်တို့ဖြင့် တစ်မူကွဲထွက်၍ ပေါင်းစပ်ထားသည့် သီချင်းတစ်ပုဒ်သည် အနည်းငယ်စိန်ခေါ်မှုမြင့်ရာရောက်ခဲ့ပါ၏။

Title ကတော့ "Branch"တဲ့။ မြန်မာလိုဆို "လမ်းခွဲ"ပေါ့။

သို့သော်လည်း ခေတ်ဂီတရေစီးကြောင်းကိုက တီထွင်ဆန်းသစ်မှုကိုကြိုက်သည့်ခေတ်ဖြစ်သည့်အတွက် "Branch" သည် အသစ်တစ်ခုလိူဖြစ်နေသောအခါ ထိုးထိုးဖောက်ဖောက်ကိုပေါက်လေသည်။ Album Sales အားလုံးပေါင်းဆို 700 K+ ထိရောက်ခဲ့ပြီး ခုနှစ်အတွင်း Debut လုပ်သည့်အဖွဲ့ပေါင်းများစွာထဲက Active အဖြစ်ဆုံးနဲ့အပေါက်မြောက်ဆုံးအဖွဲ့တစ်ဖွဲ့ဟုလည်းဆိုနိုင်သည်။

သည်အတိုင်းဆိူနှစ်အကုန်ဆုပေးပွဲများတွင် Rookie award, Best New Artist Award (BNA) တို့ပင်ရနိုင်လေကြောင်း ဖန်တွေကမှန်းဆကြကုန်၏။

ကုန်တိုက်တွေမှာ၊ ကဖေးဆိုင်တွေမှာ၊ မုန့်ဆိုင်တွေမှာ၊ ရုပ်ရှင်ရုံတွေမှာ ကြားနေရတာလည်း ဒီသီချင်း။ အများပြည်သူ Public နေရာများမှာဖွင့်နေတဲ့သီချင်းကလည်း ဒီသီချင်း။ ကိုရီးယားတစ်နိုင်ငံလုံးအသည်းကွဲနေတာများလားဟုပင် SNS ပေါ်မှာစကြနောက်ကြသည်အထိကို Trend တစ်ခုဆောင်နိုင်ခဲ့သည်။

"ထယ်ဆော့....ဘာတွေအဲ့လောက်ကြည့်နေတာလဲ"

ထယ်ဆော့အနား ဒယ်ဟိုရောက်လာသည်။ Music Show ဆီသွားခါနီး မန်နေဂျာရောက်မလာသေး၍ စောင့်နေကြခြင်း။

"အင်း ဒီမှာ ကျွန်တော့်အတန်းဖော်တစ်ယောက် ပွဲဦးထွက်တော့မယ်ဆိုလို့ ကြည့်နေတာ။ HousePop Entertainment ကလေ"

IDOLWhere stories live. Discover now