44 (Zawgyi)

128 6 0
                                    


Time City တွင် လူတွေထောင်ချီရောက်နေကြသည်။

"Artist-K အဖွဲ့ဝင် မြန်မာပြည်သား Eagle Fan meeting ပြုလုပ်မည်" ဟူသောသတင်းတွေတက်ပြီးနောက်မှာပဲ မြန်မာနိုင်ငံမြို့အနှံ့က
ဖန်တွေအကုန် ရန်ကုန်သို့ စုန်ဆင်းလာကြတော့သည်။ လူအုပ်ကြီးကအကြီးကြီးမှ အကြီးကြီး။

ထိုလူအုပ်ကြီးသတင်းကလည်း ချက်ချင်းကို ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့သွား၏။ မြန်မာ့အကြီးဆုံး Fan meeting ဟူသောခေါင်းစဉ်အောက်တွင်လူအုပ်ကြီးအား ဖြစ်လာစေသည့် ဖန်တီးရှင် ဂုဏ်ရည်ညီညီ၏ ဂုဏ်သတင်းသည်လည်း  ထပ်တူကျော်ကြားလာလေ၏။ ထို့အပြင်ကို သတင်းရရချင်း TV Channel များမှာ Live ပြသဖို့ခွင့်တောင်းလာကြသည့်အတွက် ရုပ်သံချန်နယ်သုံးခုကနေ တစ်ပြည်လုံးကလူများအား Live လွှင့်ပြသမည်ဖြစ်သည့်အတွက် ဖန်မီတင်းလေးတစ်ခုသည် တိုင်းသိပြည်သိပွဲတစ်ခုလိုကိုဖြစ်နေတော့သည်။

စတိတ်စင်ကို ကောင်းကောင်းနှင့်ခိုင်ခိုင်တည်ဆောက်ထားသည်။ အတန်အသင့်ကြီးမားသည့်စတိတ်စင်၏ဘေးတွင် LED အပြားအကြီးကြီးနှစ်ပြားကိုထောင်ထားသည်။ အနီးကပ်မမြင်ရသူတွေအတွက်ရည်ရွယ်သည်။

Artist-K Offical Lightstick တွေကိုယ်စီနဲ့ ပျော်ပျော်ကြီးစောင့်နေကြသည့် ပရိတ်သတ်လူထုကြီးကလည်း အချိန်တွေဘယ်လောက်ကြာကြာ
စောင့်မည့်ပုံရှိသည်။

"လာပြီ.....လာပြီ"

"Eagle!!"

"ဝိုး.....လာပြီဟေး"

အဖြူရောင်ကားတစ်စီးထိုးစိုက်သွားသည်နှင့် လူတွေရုတ်ရုတ်သဲသဲဖြစ်သွားသည်။ လုံခြုံရေးတွေဆိုလည်းသုံးဆလောက်တိုးထားရသည်အထိ။ ပုရွက်ဆိတ်အုံများလို ပြေးလွှားလာကြရင်း ညီညီ့ကိုအမိအရကြည့်ရှူကြလေသည်။

ညီညီကားထဲကထွက်လာရင်ပဲ လူထု၏အားပေးအော်သံများကနားထဲတန်းဝင်လာသည်။

ဝိုး.....အများကြီးပါလား။ အဲ့လောက်များမယ်မထင်ထားတာ။ ဇေကလည်း ညီညီ့နောက်ကလိုက်ထွက်လာပြီး မြင်တယ်မလားဆိုသည့်ပုံနဲ့ မျက်ခုံးပင့်ပြသည်။

ဇေအတော်ပင်ပန်းသွားခဲ့ပြီ။ ကိုယ်ဇာတ်ကားရိုက်ရလို့ ပင်ပန်းတာကဘာမှမဟုတ်သေး။ ဇေဆို တစ်နေကုန်တစ်နေခမ်း ပွဲလုပ်မယ့်နေရာမှာ စီစဉ်ညွှန်ကြားရတယ်။ အသေးစိတ်ကအစအစီအစဉ်တကျဖြစ်နေအောင်လို့ LED တွေဘယ်လိုချိတ်မယ်၊ လျှောက်လမ်းကဘယ်လိုထားမယ်၊ မီးဆိုင်းတွေဘယ်လိုထိုးမယ်၊ ဆောင်းဘောက်စ်တွေဘယ်လိုထားမယ်၊ လက်မှတ်ရေးထိုးမယ့်နေရာကိုလည်း ဘယ်လိုထားမယ်စသဖြင့် သူ့မှာမနားရ။ ဒါ့အပြင် နောက်ခံဖွင့်ပြမယ့် Theme တွေအတွက် Powerpoint ကိုကျွမ်းကျင်ပညာရှင်တွေနဲ့ ရက်ပိုင်းအတွင်းအမှီလုပ်ရတယ်။

IDOLWhere stories live. Discover now