6 (Uni)

500 48 17
                                    

မိုးပြာရောင်လွင်လွင် တိုက်အိမ်ကြီးတစ်အိမ်သည် လမ်းထဲတွင်တစ်အိမ်တည်း ဟီးထနေ၏။ သစ်ပင်ပန်းမန်တွေ အုံ့အုံ့ဆိုင်းဆိုင်းနှင့် တစ်ခြံလုံးအေးမြခြင်းတွေ ပြည့်နေသော အိမ်ကြီးဖြစ်သည်။ ခြံမပါဘဲ တိုက်ချည်းပဲတင် သိန်းပေါင်းသန်းချီမည့် အိမ်ကြီးမျိုး။ လူကုံထံအသိုင်းအဝိုင်းတွေစုနေသည့် လမ်းထဲမှာမှ ပိုပြီးချမ်းသာပါတယ်လို့ ပြောပြနေသယောင်ရှိတဲ့ ကြီးမြတ်သည့်အိမ်ကြီးမျိုး။

သေချာပေါက်ကို အိမ်ပိုင်ရှင်တွေကလည်း သူများထက်ပိုချမ်းသာတဲ့သူတွေပါပင်။
စီးပွာရေးလောကထဲက နဂါးတစ်ကောင်ဖြစ်တဲ့ ဦးညီညီလွင် ဒေါ်မေရည်ချိုတို့အိမ်ပင်။

"ဝူး......"

အိမ်စင်အောင်ရပ်ထားသည့် ကားနှစ်စီးထဲမှ ပြိုင်ကားအဖြူလေးတစ်စီး လျှောခနဲထွက်လာသည်။
ထိုကားပေါ်တွင် ဆယ်ကျော်သက်လူငယ်တစ်ဦးတည်းသာရှိသည်။ ခါတိုင်းတပ်နေကျ ပါဝါထူ မျက်မှန်အနက်ကြီးကိုတပ် ပေါင်မုန့်လိုလုံးဝန်းနေသည့်ဆံပင်အုပ်ပျော့ပျော့ကိုရှေ့တိချထားလျက်။

သင်တန်းသွားရမည့်အချိန်။
ဒီနေ့က တယောတီးသင်တန်း။ ဂီတာကတော့ ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပြီ။ ပီယာနိုလည်း ကိုယ်သိတဲ့သီချင်းသာဖြစ်ပါစေ လာထားပဲ။ တယောသာကျန်သည်။ ခုနှစ်အတွင်းတွန်းသင်ထားမှ။

နောက်နှစ်ဆို စီနီယာတန်းနောက်ဆုံးနှစ်ဆိုတော့ မေမေတို့သင်ခိုင်းမှာမဟုတ်။ ကိုယ်လည်းစာနဲ့လုံးပန်းနေရမှာနဲ့ အဲ့ဘက်ကိုလှည့်နိုင်မှာမဟုတ်။

အိမ်ကမထွက်ခင် မေမေက လေးခါလောက်မှာလိုက်သေးသည်။ "ကားကိုဖြည်းဖြည်းမောင်း"တဲ့။ မေမေမပြောတောင် ညီညီကဖြည်းဖြည်းပဲမောင်းတာ။ ခုတောင် အိမ်မှာဖေဖေမရှိလို့။ ဖေဖေမရှိတော့ ဒရိုင်ဘာကိုသားကြီးလည်းမရှိဘူး။ ထို့ကြောင့် သင်တန်းပို့ပေးမယ့်သူမရှိ၍ ကိုယ့်ကိုယ်တစ်ယောက်တည်း မလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ရတာ။

Taxi နဲ့သွားခိုင်းရင်ရပေမယ့် ကိုယ့်ဘာသာမောင်းခွင့်ပေးမလား Taxi နဲ့သွားရမလားရွေးခိုင်းရင်လည်း ညီညီဘာသာမောင်းသွားလို့ပဲပြောပြန်ဦးမှာ။ ဘာလို့ဆို မေမေကလူချစ်လူခင်ပေါသလိူ လူမုန်းလည်းများသည်လေ။

IDOLWhere stories live. Discover now