30 (Uni)

439 36 5
                                    


"Glaxy Wave Entertainment မှ မကြာခင်ပွဲဦးထွက်မည့် ယောက်ျားလေးအဖွဲ့ "Artist-K"
မန်ဘာများအားမိတ်ဆက်ပွဲ"

ဆိုလ်းစင်တာတစ်ခု၏ အောက်ထပ်မြေညီထပ်
ဖလောတွင် စတိတ်စင်တစ်ခုဆောက်ထား၏။ နောက်ခံပိတ်ကားထက်တွင် ကိုရီးယားစာတန်းအကြီးကြီးဗီနိုင်းဖြင့် ချိတ်ထားသည့်စာတန်းကို ကင်မရာတွေကတဖြပ်ဖြပ်ရိုက်ကြသည်။
လူတွေစုစုရုံးရုံးရောက်နေကြပြီး တဖွဲဖွဲရောက်ရောက်လာကြသည့်လူများကြောင့် လုံခြုံရေးတွေပါထပ်ခေါ်ထားရသည်အထိ။ ညီညီတို့ကစင်နောက်က အခန်းထဲမှာ။

"Hyung.... မူဆာဝယ်ယို့"
(အစ်ကို ကျွန်တော်ကြောက်တယ်)

Maknae ဖြစ်တဲ့ X.Brand က ညီညီ့ကိုဖက်ထားကာပြောသည်။ အသက်ဆယ့်ရှစ်နှစ်သာရှိသေးပြီး ညီညီတို့တစ်ဖွဲ့လုံးရဲ့အချစ်ခံလေး။ မန်ဘာတွေထဲကမှ ညီညီနဲ့ပိုအနေနီးပြီး မြန်မာနိုင်ငံကိုလိုက်လည်ချင်သည်ဟု ခဏခဏပြောတတ်သူ။ လေ့ကျင့်နေရင်လည်း သူ့လောက်စိတ်ထက်သန်သူမရှိပေမယ့် ခုကျတော့လည်းသူမဟုတ်သလို။

"ဂင်ချားနား...You can do it!"

X.Brand ရဲ့နာမည်က ဟန်ယောင်းမင်း​။ ညီညီတို့ငါးယောက်စလုံးက ယောင်းမင်းလို့သာခေါ်သည်။ ယောင်းမင်းရဲ့ကျောလေးကိုပုတ်ပြီး အားပေးရသည်။

ညီညီ့ရဲ့ Stage Name ကတော့ Eagle။ မြန်မာလိုဆို သိန်းငှက်ပေါ့။ Trainee အချင်းချင်းစနောက်ခေါ်ရင်းကနေ ဒီနာမည်နဲ့လိုက်တယ်ဆိုလို့ အတည်ဖြစ်သွားတာ။ Entertainment ကို
ညီညီစရောက်ကတည်းက ညီညီ့အသံက တမူထူးခြားပြီး Unique ဖြစ်လွန်းလို့ Eagle တဲ့လေ။ ညီညီကလည်းကြိုက်ပါ့။

"မန်ဘာတွေအသင့်ပြင်ပါ စင်ပေါ်ခေါ်ပါတော့မယ်"(ကိုရီးယားဘာသားစကားဖြင့်) 

သက်ဆိုင်ရာ Staff တစ်ယောက်က လာပြောတော့ ညီညီတို့ပိုရင်တုန်သွားသည်။ သူများကိုသာအားပေးနေရတယ် ကိုယ်ကိုယ်တိုင်လည်း မကြုံဖူးသည့်အရာမို့ ရင်ခုန်စိတ်လှုပ်ရှားနေပါ၏။ ရှေ့ဘက်စင်ဆီက CEO မိန့်ခွန်းပြောပြီးသွားပြီထင်သည်။ လက်ခုပ်သံတွေရော အားပေးသံတွေရောထွက်လာ၏။

"Artist-K စင်ပေါ်တက်လို့ရပါပြီ"

ညီညီတို့ခြောက်ယောက် ဝိုင်းစုလိုက်သည်။

IDOLWhere stories live. Discover now