9 (Uni)

479 45 13
                                    

[Song recommend - SHINE's 1990 ]

ထီပေါက်တာထက်ပိုပျော်ဖို့ကောင်းတဲ့ သတင်းတစ်ခုကြောင့် ကြမ်းပြင်နဲ့ပြန်မထိအောင်ကို ပျော်လွန်းလို့ ကဆုန်ပေါက်နေမိတော့တာ။

ခုမှလျှော်ပြီးကာစ ဆံပင်တွေဆိုတာ လေတိုက်နေတဲ့အလံတိုင်ကအလံရွက်လိုပဲ။ အပေါ်အောက်ဗက်လက်ဗက်လက်ဖြစ်နေတော့သည်။ ​အရှေ့ကိုဆွဲချမယ်ဆို မျက်ခမ်းအောက်စပ်ထိ
ရောက်သည့်ဆံပင်များသည် ဘေးခွဲအနေအထားဖြင့်ထားတာများ၍လားမသိ လ ပုံစံလိမ်ကောက်နေသည်။

ရေချိုးပြီးစမို့ မျက်မှန်တပ်မထားသည့်အခါ ရင့်ရော်ပုံပေါက်နေတဲ့ကိူယ့်မျက်နှာလေးက ပြန်နုနေသည်။ အသက်ကြီးပုံပေါက်ရခြင်းရဲ့ တရားခံ မျက်မှန်အနက်ကြီးလည်း ချွတ်ထားတော့ ညီညီ့မျက်နှာသည် အတော်အတန်ချောမောပါလားဆိုတာ သိလာရသည်။

ဘယ်သူကရော မျက်မှန်ကြီးတပ်ချင်ပါ့မလဲ။ မျက်မှန်တပ်ရတဲ့ ဒုက္ခကို မှန်ကြောင်လေးတွေပဲသိသည်။ ဒါတောင် ​ဆေးပဲသောက် မျက်မှန်တပ်ပြီးရှိုးမထုတ်ချင်နဲ့လို့ ပြောကြသေးတာ။ လောကကြီးကိုဘောင်ခတ်ပြီး မလွတ်မလပ်ကြည့်နေရတဲ့ဘဝကို ဘယ်သူကလိုချင်နေပါ့မလဲ။

ကိုယ့်ရယ်ပြလို့ရယ်ပြတာမမြင်ရ နှုတ်ဆက်လို့နှုတ်ဆက်တာမတွေ့ရနဲ့ ဆေးမတိူးလို့မျက်မှန်တပ်ရတာပေါ့။ မိုးရွာတဲ့နေ့ဆိုသွားပြီ။ မျက်မှန်ကြီးတပ်ထားပေမယ့် ရေပေါက်တွေစင်တော့ တပ်မထားတာနဲ့ဘာမှခြားမနေ။ ကော်ဖီတွေသောက်ပြီခေါက်ဆွဲတွေစားပြီဆို ဟပ်ပါပြီ အငွေ့တွေ။ ဘယ်ချိန်ရှိုးထုတ်မလဲ။
အဲ့တာကြောင့် ရေချိုးတဲ့အချ်ိန်၊ မျက်နှာသစ်တဲ့အချိန်၊ အိပ်တဲ့အချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ မျက်မှန်ကအမြဲတပ်ရသည်။ ကိုယ့်ဘာသာရွေးရလို့ ဖက်ရှင်အမြင်မရှိတဲ့ ညီညီကိုယ်တိုင်ရွေးချလာတာ အဲ့မည်းမည်းကိုင်းထူထူမျက်မှန်ကြီးကိုလေ။
တပ်လိုက်ရင်လူအိုလေးနဲ့တူတာ ကိုယ့်ဟာကိုယ်လည်းသိ၏။

"ကန္တာရလမ်း ဘယ်လိုပင်ကြမ်း××× အချစ်ပင်လယ်ပြင်မှာ××× ရွက်လွှင့်သလိူထင်တယ်×××ကြင်နာသူလေး ဒီလိုချစ်စကား×××အမြဲချိုမြိန်ပါတယ်×××အသည်းခိုက်ပြီမေရယ်"

IDOLWhere stories live. Discover now