63 (Uni)

374 31 0
                                    

"မြန်မာ့နန်းတွင်းယဥ်ကျေးမှုများကို ထည့်သွင်းထားသည့်သီချင်းဖြင့် Billboard Hot 100 သို့ ခြေချနိုင်ခဲ့သည့်အပြင် အောင်မြင်စွာတစ်ကိုယ်တော်ပွဲဦးထွက်နိုင်ခဲ့သည့် မြန်မာ့ပထမဆုံးနှင့်တစ်ဦးတည်းသော အနုပညာရှင် Eagle"

ညီညီ့ဂုဏ်သတင်းတွေ နိုင်ငံတဝှမ်းမွှေးပျံ့နေသည်။ မြန်မာအနုပညာရှင်တစ်ယောက်အနေနှင့် အံ့မခန်းစွမ်းဆောင်နိုင်ခဲ့သည့် အ​ခြေအနေကြောင့် သောင်းသောင်းဖျဖျကိုချီးကျူးကြသည်။ Hot 100 စာရင်းထွက်လာပြီးနောက်မှာပင် ပြည်တွင်းရော အင်တာနေရှင်နယ်မှာပါ ညီညီနှင့်ပတ်သတ်သည့် ဆောင်းပါးများတန်းစီတက်နေသည်။

အရင်အပတ်ကပဲ ညီညီ့ Solo ပွဲဦးထွက်ခဲ့သည်။ Tour လှည့်ပြီးပြီးချင်း တစ်လအကြာတွင် မန်ဘာတစ်ယောက်ချင်းစီ၏ အချိန်ဇယားတွေပြန်စဖြစ်သည်။ ခုနှစ်အတွက် အဖွဲ့လိုက် Comeback မရှိဘဲ Solo သွားမည့်သူနှင့်၊ ဒရမ်မာရိုက်မည့်သူနှင့်၊ Oversea ပွဲတွေပတ်တက်ရမည့်သူနှင့် ဖြစ်လာသည်။

ညီညီက Artist-K အဖွဲ့၏ တတိယမြောက် Solo ပွဲဦးထွက်သူပေါ့။ ညီညီ Hiatus နေစဥ်အတွင်း ထယ်ဆော့ပါ Solo ထွက်ခဲ့သည်။

ခုကညီညီ့အလှည့်။ Solo ထွက်တော့မယ်ဆိုတော့ "ဝိုး ငါ့အလှည့်ရောက်ပြီပေါ့။ ငါတောက်ပရမယ့်အချိန်ပဲပေါ့။ တစ်ချက်တည်းနဲ့တစ်ခါတည်း Eagle ရယ်လို့လူတွေသိသွားအောင် လုပ်ပစ်လိုက်မယ်ပေါ့"ဟု မာန်ရှိခဲ့၏။

ကိုယ်တစ်ချိန်လုံးတွေးတောစဥ်းစားခဲ့တဲ့ ကိုယ့် Solo ပွဲဦးထွက်မှာ ကိုယ်လုပ်ချင်ခဲ့တာတွေကို အကောင်အထည် ဖော်ခွင့်ရတော့မည်ဆိုတော့ အသေးစိတ်ကမှအစ ဖန်တီးမှုများထဲတွင် ညီညီ့အတွေးစိတ်ကူးတွေပါဝင်ခဲ့သည်။ မေမေက ညီညီ့ Solo ကျရင် မြန်မာမှုတွေပိုထည့်မည်ဟု ပြောခဲ့သလိုပင် ခေါင်းစဥ်သီချင်းမှာပင် အများကြီးထည့်သွင်းခဲ့သည်။

MV တစ်ခုလုံးတွင် ပုဂံခေတ်အဆင်အယင်များပါပြီး ညီညီကိုယ်တိုင်က ငယ်ရွယ်နုနယ်သည့် တော်ဝင်မင်းညီမင်းသားတစ်ပါး အသွင်ရော သည်ဘက်ခေတ် မြန်မာအမျိုးသားတစ်ယောက်အသွင်ပါ ခေတ်နှစ်ခေတ်ယောက်ျားသားတစ်ယောက်၏ တော်ဝင်ဆန်သည့်အချစ်အကြောင်းကို နှဲသံ၊ ချလူသံ၊ စည်ကြီးသံ၊ ပတ္တလားသံ၊ ဒိုးပတ်ဗုံသံနှင့် ခေတ်ပေါ် Drop Beat ကြမ်းကြမ်းများဖြင့် ပေါင်းစပ်ထားသည့် အေးလာလိုက်မြူးသွားလိုက်တေးသွားနှင့် ခပ်မိုက်မိုက်သီချင်းတစ်ပုဒ်ဖြစ်သည်။

IDOLWhere stories live. Discover now