36 (Uni)

337 42 11
                                    

"ဟေး ဟေး ယောင်းမင်းနား.....အရမ်းမဆော့နဲ့လေ"

"တကယ်ပျော်လို့ပါ .... Hyung ရဲ့။ အခန်းက အကျယ်ကြီးပဲ"

"ဆော့ပါစေ အစ်ကိုရာ"

သည်နေ့က ညီညီ့အတွက်အထူးခြားဆုံးနေ့လို့ပြောနိုင်သည်။ ညီညီတို့အိမ်မှာ Private Party တစ်ခုပြုလုပ်နေ၍ ညီညီ့အတွက်ထူးခြားသည့်သူများ တစ်စုတစ်ဝေးတည်းရောက်နေကြ၏။
သည်နေ့က Melody Moon Entertainment CEO ဒေါ်မေရည်ချို၏မွေးနေ့ပင်ဖြစ်ပါသည်။

ဖေဖေဆို​လည်းနှစ်ရက်လောက်စောပြီးရောက်လာသည်။ အစ်ကိုတို့မောင်နှမက မနေ့ကရောက်သည်။ အိမ်မှာတော့မတည်း။ ဟော်တယ်သွားတည်းသည်မို့ ညီညီတို့ကအကုန်ကျခံလိုက်သည်။

ညီညီ့အမေမွေးနေ့ဆိုတော့ Artist-K ကပါအလိုလိုပါလာသည်။ သည်နေ့ WhiteNet လည်းလာမှာအသေအချာပင်။ အပြင်မှာတစ်ခုမှလူချင်မတွေ့ဖူးသေးသည့် အကြိုက်ဆုံးစီနီယာတွေဆိုတော့ တွေ့ရမှာရင်ခုန်မိသား။

WhiteNet တင်မဟုတ်။ မေမေ့ကုမ္ပဏီက အဖွဲ့တွေအကုန်လာမည်ထင်သည်။ အောက်မှာ ပါတီမစသေးပေမယ့် သတင်းထောက်တွေရှိ​နေ၍ မန်ဘာတွေကိုညီညီ့အခန်းသို့ခေါ်ထားခြင်းပင်။ ကျန်တဲ့သူတွေငြိမ်ငြိမ်နေနေကြပေမယ့် ယောင်းမင်းကတော့တစ်ခန်းလုံးကို စုံစိအောင်လှည့်ပတ်ကြည့်လေသည်။ သူတို့တစ်ခါမှမှမရောက်ဖူးကြတာ။
ဇေဆို ခုနကခဏလေးတွေ့လိုက်ရပြီး အရိပ်အယောင်တောင်မမြင်ရဘူး။ အလုပ်တွေများနေတာလည်းပါ​ပြီး ဧည့်သည်တွေကအခန်းထဲရောက်နေတော့သူရှောင်ပေးတာလည်းဖြစ်မည်။

"Hyung .... ​ကိုဇေနဲ့တစ်ခန်းတည်းနေတာလား"

"အင်း"

"ကျွန်တော့်ကိုပါ ခေါ် ....ကျွန်တော်လာနေမယ်"

"ငါတို့ ယောင်းမင်းကိုအလိုလိုက်လို့မဖြစ်တော့ဘူး။ခုတလောသိပ်ဆိုးနေတယ် သတိထားမိတယ်မလား Hyung "

ကုတင်ပေါ်ကနေ ထယ်ဆော့ကလှမ်းစသည်။ ချောင်ဟီးနဲ့ဆိုးချန်ကလည်းခေါင်းတငြိမ့်ငြိမ့်။

"အင်း"

အစ်ကိုဒယ်ဟိုကပါ ထောက်ခံလေတော့
ယောင်​မင်းမျက်နှာမဲ့သွားသည်။ အစ်ကိုတွေမျက်နှာညိုးတာကိုမခံတာ။

IDOLWhere stories live. Discover now