22 (Uni)

389 34 3
                                    

"ညီညီ့ကိုဒီမှာတွေ့လိုက်ရတော့ ကိုယ်တကယ်ကြောင်သွားတာ။ ပြောပါဦး ဘယ်တုန်းကရောက်"

"နှစ်ရက်ရှိပြီ အစ်ကို။ ဒီဇင်ဘာ Trip ဆိုပါတော့"

"ဝါး အစ်ကို့ကိုတောင်မပြောဘူးကွာ။ သက်နှင်းကလည်း ကလောကိုတဲ့ပါသွားတယ်။ အစ်ကိုပဲအိမ်မှာပျင်းနေတာ"

"မပြောတာက အလုပ်တွေရှုပ်နေတယ်ထင်လို့ပါ။ ပြီးတော့ အစ်ကိုကမလိုက်ဘူးငြင်းမှာစိုးလို့"

"ဟုတ်ပါပြီကွာ......ခုတွေ့နေရပြီပဲ။ မခေါ်ချင်တဲ့သူကမခေါ်ပေမယ့် ဒီမှာလာဆုံရမယ့်ကံကပါလာတော့လည်း......"

"ဟာ မခေါ်ချင်တာမဟုတ်ပါဘူး"

"ဟားဟား အစ်ကိုကစတာပါကွာ။ ပုံလေးကိုကအူတိအူကြောင်လေးနဲ့ ဟက်ဟက်"

စကားတွေပြောနေလိုက်တာ ညီညီတို့နှစ်ယောက်တည်းရှိနေသလိူမျိုး။ ဘေးမှာတော့ သုခသည် အစားကိုသာပုံမှန်စားလျက် တစ်ခွန်းမှဝင်မပြော။ မျက်ခုံးနှစ်ခုသာတွန့်ချိုးထားသည်။ သူကမလိုက်ချင်ဘူးပြောပေမယ့် ကိုယ်အတင်းခေါ်လာတာ။ သုခတကယ်ကြီးနေရခက်နေတာမြင်ရတော့ ညီညီစိတ်မကောင်းပါ။

အစ်ကိုပို့ပေးသည့် စားသောက်ဆိုင်လိပ်စာကိုရောက်တော့ နှစ်ထပ်ဆင့်စားသောက်ဆိုင်ကြီးတစ်ဆိုင်ဖြစ်နေသည်။ လူလည်းများသည်။ အစ်ကိုဆိုင်ထဲဝင်လာတော့ မနက်ကမှလောလောလတ်လတ်တွေ့ထားရသည့် အဆိုတော်မှန်းတန်းသိတဲ့လူတွေကနေတစ်ဆင့် ကိုယ်စီလက်တို့ပြောကြရင်း အာရုံစိုက်ခံရမှုက တမင်ယူနေရစရာမလိုအောင်ရလေသည်။

"သုခ ထည့်စား"

အစ်ကိုနဲ့သုခကြား ညီညီပဲနေရခက်နေသလိုပင်။ တစ်ဖက်တည်းကိုချည်း အလေးပေးနေသလိုမဖြစ်အောင်ဂရုစိုက်ရသေးသည်။ သုခက ဘာမှမပြောဘဲ ထမင်းချည်းငုံ့စားနေတာကို စိတ်ခုနေလို့လို့ပြောလို့မရ။ သူအကြောင်းမပါသေးလို့ ဝင်မပြောတာပဲဖြစ်မှာ။

အစ်ကို့အနေနဲ့လည်း ညီညီ့မှာဧည့်သည်ပါတယ်ပြောတော့ ကိစ္စမရှိဘူး ခေါ်လာခဲ့တဲ့လေ။ တစ်ကျောင်းလုံးပွထခဲ့တဲ့သတင်းကိုလည်း အစ်ကိုသိမှာပဲ။ သုခကိူမမြင်ဖူးရင်တောင်နာမည်တော့သိမှာပဲ။ ဒါပေမယ့် အစ်ကိုက လုံးဝပုံမှန်ပဲ။ တစ်ခုခုဖြစ်သွားတဲ့အရိပ်အယောင်လေးတောင်မတွေ့ရ။ အင်းလေ လူရောနာမည်ရောသိတော့ရော ဘာထူးသွားမှာမို့လို့လဲ။ ဖြစ်နေတာက ဘေးကကိုယ်တော်။

IDOLWhere stories live. Discover now