10 (Uni)

451 44 9
                                    

ယနေ့ ရာသီဥတုသာယာ၏။

မိုးသားပြာပြာတွင် နေလုံးကြီးဆိုတာ ရဲရဲတောက်နေသည့်အပြင် တိမ်တွေ တစ်စိုးတစ်စိမှမရှိတာကြောင့် သေသေချာချာတံမြက်စည်းလှဲထား
သည့် ကြမ်းပြင်တစ်ခုလို ပြောင်သလင်းခါနေ၏။

လေထုဆိုတာလည်း မတိုက်ကောင်းတဲ့အရာလိုပင် ​ငြိမ်နေလိုက်တာ။
ဆောင်းတဲ့လေ ဘယ်သူကယုံပါ့မလဲ။

လည်ပင်းပေါက် ကြယ်စေ့စွန်းနားကိုကိုင်ပြီး ညီညီ ပူလို့ ဟစိဟစိခပ်မြန်မြန်လုပ်လိုက်သည်။

ကျောင်းကတက်ခါနီးပြီ။ ညီညီ့ခေါင်းထဲရောက်နေတာ တစ်ခုပဲရှိသည်။ နေ့ခင်းကျောင်းတက်တက်ချင်း ဂီတချိန်မှာ သူဆိုနိုင်ပါ့မလားဆိုတာကိုပင်။ သီချင်းကတော့ ရွေးထားခဲ့ပြီးပြီ။ ညက သက်နှင်းကိုဆိုပြတဲ့သီချင်းတော့မဟုတ်။

ဂီတာကြမ်းကြမ်းတီးပြီးဆိုရတဲ့သီချင်းကိုရွေးထားသည်။ သီချင်းကအေးနေရင်ဘယ်လောက်ပဲ မူရင်းစည်းစနစ်ကျကျ ဆိုနေနေ "ဒီသီချင်းလောက်ကတော့ငါတို့လည်းဆိုတတ်တာပေါ့။ သူ့လိုတတင်တင်တီးတာလောက်တော့ ငါတို့လည်းတီးတတ်​တာပေါ့" စသဖြင့် စသဖြင့် လာဦးမှာ။

တကယ့်အကြမ်းစားကြီးတီးပြရင်လည်း နားကလောလိုက်တာဘာတွေတီးနေတာလဲ လျှောက်တီးနေတာလား မျို​ေတွလာဦးမှာ။ ဒါကြောင့် တီးသင့်သလောက် တီးပြီးဆိုရတဲ့ သီချင်းတစ်ပုဒ်ရွေးထားသည်။
"Eternal Gosh" ရဲ့ "မိုးမခအိပ်မက်ခရမ်းပြာ"တဲ့။

ညီညီ့အကြိုက်ဆုံးသီချင်းတွေထဲကတစ်ပုဒ်ပေါ့။

အမှန်ဆိုလေ ခုချိန်မှာညက အစ်ကိုနဲ့အတူထမင်းစားခဲ့တဲ့အချိန်၊ ပြန်ခါနီးသူ့ကိူပြုံးပြသွားတဲ့အချိန်တွေကို ပြန်တွေးပြီးပျော်နေရမှာ။ ခုတော့ အဲ့အကြောင်းတွေမတွေးအား။ နေ့ခင်းကျတလွဲမလုပ်မိအောင်ကိူပဲ အာရုံထားနေရသည်။

"ကျောင်းစူံညီမှာဆိူခွင့်ရဖို့လေးအတွက်နဲ့တင် ဆိုမပြနဲ့။ နင်နဲ့တွေ့နေရသမျှကာလပတ်လုံး နင့်ကိုထပ်အထင်မသေးရဲအောင် ဆိုပြလိုက်"တဲ့။ ညက သက်နှင်းရယ်ပြောသွားတာ။ ဟုတ်တာပေါ့။

IDOLWhere stories live. Discover now