ဇာတ်သိမ်းပိုင်း

746 35 1
                                    

ယခုလအတွင်း မြန်မာပြည်အတွင်းရော တစ်ကမ္ဘာလုံးက K Pop ပရိတ်သတ်များအတွက်ရော စိတ်ဝင်တစားနှင့် အာရုံစိုက်မိကြသည့် ကိစ္စကြီးတစ်ခုရှိခဲ့ကြသည်။

ထင်ထားသလို အကြီးကျယ်အခမ်းနားဆုံးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းနှင့် အကောင်းဆုံးကျင်းပသွားမည့် ကမ္ဘာကျော်အိုင်ဒေါ်လ် ဂုဏ်ရည်ညီညီ၏ မင်္ဂလာပွဲအခမ်းအနားပင်ဖြစ်သည်။

Idol တစ်ယောက်၏ မင်္ဂလာပွဲဟူသည် အတော်ရှားပါးသည်မို့ ဖြစ်တောင့်ဖြစ်ခဲမင်္ဂလာပွဲကို စိတ်ဝင်စားကြလေသည်။ Idol ဘဝကနေအနားယူတော့ချိန်မှလည်းကောင်း၊ Idol ဘဝတွင် လူငယ်အချိန်များကို ကုန်ဆုံးစေပြီး သက်တမ်းရှည်အဖွဲ့အဖြစ်တည်ရှိရင်း ကိုယ့်မင်္ဂလာသတင်းကို ဖန်တွေအနေနှင့် လက်ခံပေးသည့်အချိန်တော့မှလည်းကောင်း လက်ထပ်ကြတာများသည်။

ညီညီ့လို ဖန်အင်အားတောင့်တင်းနေချိန် အဖွဲ့ကလည်း Activities တွေအားကောင်းနေချိန် အောင်မြင်မှု​တွေတသီကြီးရနေချိန်မှာ အနည်းနှင့်အများ Risk ယူ ကျင်းပဖို့စီစဥ်ခဲ့ရသော်လည်း အကောင်းဘက်တုံ့ပြန်ချက်ပိုများ၍ ပျော်ရပါသည်။

ယနေ့အတွက် ပွဲမတက်ရောက်ရသည့်လူများသည် သတင်းမီဒီယာများမှထုတ်ပြန်သည့် မင်္ဂလာပွဲအကြောင်းအရာများကို အမီစောင့်ကြည့်လျက်ရှိသည်။

"မောင်ဇေသုခလင်း နှင့် မောင်ဂုဏ်ရည်ညီညီတို့၏ မင်္ဂလာဧည့်ခံပွဲ"

မင်္ဂလာပွဲသည် ညီညီတို့အိမ်မှာပင်ပြုလုပ်သည်။ ခြံဝန်းထဲတွင် ပန်းအိုးများကိုနေရာရွှေ့ထားကာ ပြောင်လုပ်ထားသည်။ အတော်ကျယ်သည့်ခြံဝန်းမို့ ဧည့်သည်နေရာအတွက်ပါမက ညီညီတို့စိတ်ကူးရှိသလို ပြင်ဆင်နိုင်ခဲ့ကြသည်။

အိမ်ခေါင်းရင်းဘက်တွင် စတိတ်စင်အသေးစားလေးကို အခိုင်အမာနှင့်အလှအပဆုံးတည်ဆောက်ထား၏။ မိုးပျံပူဖောင်းတွဲများကလည်း တစ်ဖက်တစ်ချက်စီတွင်။

ဝင်ပေါက်နားတွင် ညီညီတို့ စတင်တွေ့ဆုံခဲ့ခြင်း အမှတ်တရ​အနေနှင့် ထိုအချိန်တုန်းက ညီညီစီးခဲ့သည့်ကားနှင့် ဇေစီးခဲ့သည့်ပြိုင်ဘီးလေး ကားရှေ့တွင်လဲနေသည့်ပုံစံကို စတီးတိုင်​​များဖြင့် ဘောင်ခတ်ထားသည်။

IDOLWhere stories live. Discover now