61 (Uni)

381 39 9
                                    

"ဆယ်ခီချူးသာ ဟန်းမီသား ×× ဆယ်ခီချူးသား ဟန်းမီသား ×× ဆာရားငဲနဲ အီးဂဲလ်ရို့ ××
ဆယ်ခီချူးသာ ဟန်းမီသာ"

ဇေ သီချင်းဆိုပြီးသည်နှင့် ညီညီ မွေးနေ့ကိတ်ပေါ်ကဖယောင်းတိုင်မီးများကို မှုတ်လိုက်သည်။

"ဟေး....."

သည်နေ့က ညီညီရဲ့ နှစ်ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့။ လူ့လောကထဲကိုရောက်ရှိလာတာ နှစ်ဆယ့်ခြောက်နှစ်တိုင်ရှိခဲ့ပြီ။ တရားသဘောနှင့်ပြောရရင် ခုနစ်ဆယ့်ငါးနှစ်သက်တမ်းရှိ လူ့အသက်မှာ သုံးပုံတစ်ပုံဖြတ်ကျော်လာခဲ့ပြီးလေပြီ။

မွေးနေ့ကို ကိုယ့်အိမ်ကိုယ့်အခန်းထဲမှာပဲ အကျဥ်းရုံးလေးပဲလုပ်ဖြစ်သော်လည်း ဇေကိုယ်တိုင် သီချင်းဆိုချီးမြှင့်ပေးသည့်မွေးနေ့ဖြစ်နေရာ တန်ဖိုးထားမိပါသည်။

မန်ဘာတွေလည်း အတူရှိမနေ။ သူတို့လည်း သူတို့အချိန်ဇယားနှင့်သူမို့ ဆိုရှယ်မီဒီယာအကောင့်ကနေပဲ ညီညီ့အတွက် မွေးနေဆုတောင်းပေးဖြစ်ကြလေသည်။ ကိုယ်မွေးဖွားလာခြင်းကို ရတနာတစ်ခုလိုသတ်မှတ်ပေးကြပြီး ကိုယ့်အကြောင်းအစစအရာရာ အသေးစိတ်ကစ၍မှတ်မိပေးကြသည့် ပရိတ်သတ်ဖန်တွေရှိနေ၍ မွေးနေ့ကို Live လွှင့်ကျင်းပဖြစ်သည်။

"ကျွန်တော်တောင် နှစ်ဆယ့်ခြောက်နှစ်ဖြစ်သွားပြီ။ Debut တုန်းက ၂၀ ပဲရှိသေးတာ။ ခါး..... Artist-K တောင် ခြောက်နှစ်ပြည့်တော့မှာပါလား"

ညီညီက ကြည့်ရှုနေသည့်ပရိတ်သတ်ကို စကားတွေပြောနေသည်။ ကြည့်ရှုသူပင်သုံးသိန်းနီးပါး။ ဇေ့ကတော့ ​ဖယောင်းတိုင်မှုတ်ပြီးကတည်းက အခန်းအပြင်ဘက်ပြန်ထွက်သွားလေသည်။
ဆိုဂျူတို့အအေးတို့ယူစရာရှိတာ သွားယူတာဖြစ်သည်။ ဇေမရှိတုန်းကိုအခွင့်ကောင်းယူ၍ ညီညီ ဖုန်းနားကပ်လိုက်၏။

"ယော်ဒါပွန်းတို့အတွက် ဒီနေ့အကြာကြီး Live လွှင့်ပေးပါ့မယ်။ ပြီးတော့..... "

ညီညီ နောက်ဘက်ကိုအခြေအနေပြန်ကြည့်သည်။ ဇေပြန်ဝင်လာသည်မို့ "ပြီးတော့ Suprise တစ်ခုပြောစရာရှိတယ်။ သိချင်ရင်ကြည့်နေ" ဟု တိုးတိုးလေးကပ်ပြောလိုက်သည်။

IDOLWhere stories live. Discover now