45 (Uni)

295 31 2
                                    

"Choi_Chaung_Hee_Out!"

"APOLOGIZE_to_UYaw"

Twitter မှာ Trending ဖြစ်နေတဲ့စာသားတွေကိုမြင်ပြီး ညီညီလန့်သွားသည်။ ဘာတွေလဲ။ What? Worldwide Trending မှာတောင် နံပါတ်သုံးတဲ့လား။ ဘာတွေဘယ်လိုဖြစ်ကုန်တာလဲ။ ဟိုးအမြင့်ကြီးကနေပြုတ်ကျတဲ့ခံစားချက်လို့ တလှပ်လှပ်နဲ့ ဘာမှမစဥ်းစားမိတော့။ သတင်းရင်းမြစ်ကိုရှာကြည့်လိုက်သည်။ 

"Artist-K အဖွဲ့ဝင် ချွဲချောင်ဟီးသည် FLASH အဖွဲ့ဝင် ကင်ယူရောအား ကိုယ်ထိလက်ရောက်စော်ကားခဲ့။ Artist-K တစ်ဖွဲ့လုံးဝေဖန်ခံနေရပြီး ချွဲချောင်ဟီးအား အဖွဲ့ထဲမှထွက်ရန် K netizens တောင်းဆိုနေ" တဲ့။

ဟမ်။ ဘယ်လိုတောင်မဖြစ်နိုင်တာကို။

"ဒုန်း...."

အခန်းတံခါးသံက ကျယ်လောင်စွာထွက်လာသည်။ ဇေရယ် စိုးရိမ်တကြီးနဲ့ပြေးဝင်လာတာဖြစ်၏။ သူလည်း ဒီသတင်းတွေကိုခုပဲတွေ့တာနေမယ်။ မနေ့က ဖန်မီတင်းအပြီး အိမ်ပြန်ရောက်ကတည်းက စိတ်ကိုဒုန်းဒုန်းချပြီးအိပ်လိုက်တာ။ အိပ်ရာနိုးနိုးချင်း မြင်ရသည့်သတင်းက ရင်ဝကိုဆောင့်အကန်ခံလိုက်ရသလိုပဲ။ ဖုန်းလည်းဝင်မထားဘူး။ ဘာလို့ငါ့ကိုဖုန်းမဆက်ကြတာလဲ။ အဝေးရောက်နေတာကလည်းရောက်တာပေါ့။ အသိတော့ပေးရမယ်မလား။

"ညီညီ သတင်းတွေတွေ့ပြီးပြီလား"

"အင်း ငါအခုပြန်မှဖြစ်မယ်"

ညီညီမတ်တပ်ထရပ်လိုက်သော်လည်း ဘာအရင်စလုပ်ရမလဲခေါင်းထဲတန်းပေါ်မလာပါ။

"ညီညီ မင်းချက်ချင်းကြီးပြန်လို့မရသေးဘူးလေ။ ငါတို့ဘာမှမပြင်ရသေးဘူး"

ဇေပြောမှ အသိပြန်ဝင်လာသည်။ ခေါင်းထဲပူထူနေတာပဲ။ အဝတ်တွေလည်းမပြင်ရသေးပေမယ့်အရေးမကြီး။ လေယာဥ်လက်မှတ်အတွက်ကလည်း ဖေဖေ့ကိုပြောရင်ရသည်။ တန်းသွားလို့မရသေးသည့်အကြောင်းက ရုပ်ရှင်မပြီးသေးတာ။

ဒါပေမယ့် ခုသတင်းကြီးကထွက်လာတော့ ညီညီမှမနေနိုင်တာ။ သူမရှိတုန်းဘာတွေဖြစ်ခဲ့တာလဲ။ ညီညီစိတ်ပူနေတာ ချက်ချင်းလိုက်သွားချင်မိသည်အထိ။

"ငါ့ကိုယုံ။ သူတို့အဆင်ပြေသွားလိမ့်မယ်။
ချောင်ဟီးထိုးတာမှန်ပေမယ့် ချောင်ဟီးအမှားဆိုတာ Rumors တွေသက်သက်ပဲ။ ကုမ္ပဏီကိုယုံကြည်ပြီးစောင့်ရအောင်နော်"

IDOLWhere stories live. Discover now