14 (Uni)

429 49 15
                                    

"ကိုသက်ထင်နဲ့နင်နဲ့ကဘာတွေလဲ"

ရုတ်တရက်ကြီး ညီညီ့ရှေ့ရောက်ချလာပြီး မေးတဲ့မေးခွန်း။ ထာဝစဥ်ရွှေ့မျက်လုံးများသည် အတန်အသင့်ကျယ်နေပြီး မျက်ခုံးတွေတွန့်ချိုးထား၏။ ရန်ဆောင်ပြီးမေးလာသည့်မေးခွန်းတစ်ခုက ဘယ်လိုအဓိပ္ပါယ်နဲ့​မေးလာတာလဲမသိ။

"ဟမ်"

"နင့်ကိုဘာလို့ ကိုသက်ထင်အနားမှာ တွေ့တွေ့​နေ ရတာလဲလို့ မေးနေတာ"

ပြန်ဖြေစရာစကားလုံး ရုတ်တရက်ရှာမရတဲ့အခါ အတန်းတွင်းမျက်လုံးလေးဝေ့ကြည့်လိုက်သည်။ လူတွေသူ့ကိုစိုက်ကြည့်နေကြတာ။ ရောင်စဥ်တောင်ပါသေးသည်။ သူ ဘာ... ဘာဖြေရပါ့မလဲ။

"ဟဲ့ ဖြေလေ။ နင်အူကြောင်ကြောင်မလုပ်နဲ့နော်။ ကိုသက်ထင်ကဘာလို့နင်နဲ့အရမ်းအနေနီးနေတာလဲလို့"

ဘယ်လိုမေးခွန်းတွေလာမေးနေတာလဲ။ ဘယ်လိုထင်မြင်စွပ်စွဲချက်တွေနဲ့မလို့ ခုလိုကြီးကြက်သီးထစရာကောင်းအောင်မေးနေရတာလဲ။

"ဘာတွေလာမေး"

"ဟင့် ကြည့်နေတာကြာပြီ။ ညနေတိုင်း ကိုသက်ထင်တို့မောင်နှမနှစ်ယောက်နဲ့ ကားတစ်စီးတည်းအတူပါပါသွားတာငါမြင်တယ်။ မလိမ်နဲ့နော်"

ညီညီမတ်တပ်ထရပ်လိုက်သည်။

"ငါကဘာပြောရသေးလို့ ဘာကိုလိမ်ရမှာလဲ။ ငါက ကိုသက်ထင်နဲ့ခင်လို့တောင်မရဘူးလား"

"ခင်လို့...ဟုတ်လား။ အဟက်ဟက် ရယ်ရတယ်။ ကိုသက်ထင်က နင်နဲ့ခင်တယ်ဟုတ်လား။ နင်ပြောရဲတယ်နော်"

ညီညီ့လက်သီးဆုပ်လေးတွေတင်းသွားသည်။ တန်ရာတန်ရာတော့ပြန်ပြောရမည်။

"နင်က ကိုသက်ထင်ကိုစော်ကားလိုက်တာပဲ"

ညီညီလေသံတစ်မျိုးပြောင်းပြောတော့ ဒင်းမျက်နှာရိပ်တွေပြောင်းသွားသည်။

"ငါ ဘာစော်ကားလို့လဲ"

"အစ်ကိုက ချမ်းသာတဲ့လူကိုမှကွက်အဖက်လုပ်တဲ့သူမှမဟုတ်တာ။ နင်ပဲပြောတာလေ ငါက အစ်ကိုနဲ့ခင်လို့မရဘူးဆို။ အဲ့တာအစ်ကိုကို
အဆင့်အတန်းခွဲခြားတဲ့သူလို့ပြောလိုက်တာပေါ့"

IDOLWhere stories live. Discover now