48 (Uni)

363 29 7
                                    


"ယနေ့အတွက် နောက်ထပ်တင်ပြပေးရမယ့်  စိတ်ဝင်စားစရာသတင်းတစ်ခုကတော့ ပရိတ်သတ်တွေလတ်တလော အာရုံစိုက်မိနေကြတဲ့ Artist-K အဖွဲ့အကြောင်းပဲဖြစ်ပါတယ်။ မကြာသေးမီကမှ မူးယစ်ဆေးသုံးစွဲတယ်လို့ အစွပ်စွဲခံထားရတဲ့ Artist-K ​အဖွဲ့ခေါင်းဆောင် ကင်ဒယ်ဟိုရဲ့နေထိုင်မှုဘဝအမှန်ဓာတ်ပုံများ ဆိုရှယ်မီဒီယာမှာပျံ့နှံ့လာတာကို အားလုံးမြင်ပြီးကြမှာပါ။ ကင်ဒယ်ဟိုဟာ ဆင်းရဲသူတစ်ဦးဖြစ်ပြီး မိဘကိုလုပ်ကျွေးရင်း အကြွေးတွေအတွက်နဲ့ Idol အိပ်မက်ကိုခဏခဏစွန့်လွှတ်ခဲ့ရဖူးတယ်လို့လည်းသိရပါတယ်။ အချိန်ပိုင်းအလုပ်များစွာလုပ်ရင်း တပြိုင်နက် ယခုလက်ရှိကုမ္ပဏီမှာပဲသင်တန်းသားအဖြစ်လေ့ကျင့်ရင်း ဘဝမှာမနားတမ်းပြေးနေခဲ့ရသူဟုလည်းသိရပါတယ်။ ဒါဆို ဒီလိုပိုက်ဆံမရှိတဲ့ကင်ဒယ်ဟိုက အကြွေးဆပ်ဖို့တောင်ရုန်းကန်နေရတာ ဘယ်ကငွေနဲ့ မူးယစ်ဆေးဝယ်နိုင်ပါ့မလဲဆိုတဲ့မေးခွန်းက ပရိတ်သတ်တွေရဲ့အသိချင်ဆုံးမေးခွန်းဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် တစ်ဆက်တည်းမှာသိလာရတာက ကင်ဒယ်ဟိုကိုဆေးသုံးစွဲနေတယ်လို့ထင်စေခဲ့တဲ့ဓာတ်ပုံများကို ရိုက်ခဲ့သူက FLASH အဖွဲ့ဝင် ယူရောဖြစ်နေတာပါ။ ကြည့်ရှုသူများခင်ဗျာ ယူရောသည်မကြာသေးမီကမှ Artist-K အဖွဲ့ဝင် ချွဲချောင်ဟီး၏ ကိုယ်ထိလက်ရောက်ကျူးလွန်တာခံထားရသူဖြစ်သည့်အပြင် ကင်ဒယ်ဟိုနှင့်လည်း Glaxy Wave Label မှာ သင်တန်းသားအတူဖြစ်ခဲ့ဖူးတယ်လို့လည်းသိရပါတယ်။ မျက်မြင်သက်သေတစ်ချို့၏ပြောကြားချက်အရ သင်တန်းသားဘဝမှာ ယူရောက ကင်ဒယ်ဟိုကိုမကြာခဏ နှုတ်နဲ့ဖြစ်စေလက်နဲ့ဖြစ်စေ အနိုင်ကျင့်လေ့ရှိကြောင်း၊ ချွဲချောင်ဟီးနှင့်ပဋိပက္ခဖြစ်သည့်နေ့ကလည်း ယူရောဘက်မှအရင် ကင်ဒယ်ဟိုကို နှိမ်နှိမ်ချိုးချိုးစကားများပြောခဲ့၍ မခံရပ်နိုင်ဖြစ်ကာ ချွဲချောင်ဟီးမှ လက်ပါခဲ့ခြင်းဖြစ်သည်ဟု နီးစပ်ရာ Staff များ၏စကားမှသိရပါတယ်။ ကျွန်တော်တို့အဖြစ်မှန်ကိူမသိဘဲ အထင်လွဲနေမိခဲ့တာများလား.....(ရယ်လျက်)။ ဒါဆိုရင် ကင်ဒယ်ဟိုရဲ့ဆေးအမှူ၊ လီထယ်ဆော့ရဲ့ကျောင်းတွင်းအနိုင်ကျင့်သည့်သတင်းအတုများဆက်တိုက်တက်လာရတာကရော သွေးရိုးသား​ရိုးဟုတ်ရဲ့လား မေးစရာရှိလာပါပြီ။ တစ်စုံတစ်ယောက်ကများရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာများလား။ တိုက်ခိုက်ခဲ့တာဆိုရင်ရော ဘယ်သူဖြစ်နိုင်ပါသလဲခင်ဗျာ....ဟုတ်ကဲ့ Right Always Win(RAW) Blog မှ သတင်းထောက် ...... ဖြစ်ပါတယ်ခင်ဗျာ"

IDOLWhere stories live. Discover now