23 (Uni)

406 31 9
                                    

"ဒါက ရွှေဘုံသာမြတ်မုနိဘုရား"

"သြော်"

ပြည်မြို့နဲ့​အပြိုင် ဧရာဝတီခြားလို့ တစ်ဘက်ကမ်းက ပန်းတောင်းနယ်မြေကိုအရင်ဆုံး ခြေချမိချင်းမှာပဲ အရင်ဆုံးဝင်ဖြစ်သည့်ဘုရား။ မုခ်ဝအပြင်ဘက်မှာ ဆိုင်တွေဆိုတာတန်းစီနေသည်။

သနပ်ခါးတုံးဆိုင်တွေ၊ နာမည်ကျော် "ရွှေမင်းသမီး"ယိုဗူးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အထည်ဆိုင်တွေ ပေါမှပေါပါပဲ။ ရွှေဘုံသာကသနပ်ခါးတုံးများဆိုလျှင် စျေးလည်းချိုပြီးမွှေးလည်းမွှေးဟု နာမည်ကြီးသည်။ မုခ်ဝင်းထဲမတော့ သစ်သီးဆိုင်တွေချည်း။ ငှက်ပျော ဖရဲ သခွားမွှေး စပျစ် လိမ္မော် စတော်ဘယ်ရီ သရက်စသဖြင့်။ သရက်တောင်မှ စိန်တစ်လုံး၊ ကျောက်စိမ်း၊ ရင်ကွဲ၊ မချစ်စုအမျိုးအစားစုံလို့ပါပဲ။

ဘုရားပေါ်တက်လာသည်နှင့်တွေ့ရတာက ဓာတ်ပုံတွေကပ်ထားသည့်ဘုတ်တစ်ခု။ ရွှေဘုံသားဘုရားသို့ရောက်လာခဲ့သည့် နာမည်ကျော်မင်းသားမင်းသမီးတွေပုံကိုချိတ်ထားခြင်း ဖြစ်သည်။ နေပူမှုကိုကာကွယ်ရန် အမိုးပါလျှောက်လမ်းဖြင့်ဘုရားကိုပတ်၍လုပ်ပေးထား၍ ဖူးရတာအဆင်ပြေလှသည်။

မကြာမီပဲ အစ်ကို့ကိုအဆိုတော်မှန်းသိသည့်အခါ ဘုရားဖူး လူငယ်လေးတွေတပြုံကြီးပြေးလာကြပြီး အစ်ကိုနဲ့ အတူဓာတ်ပုံရိုက်ကြလေသည်။
ညီညီနဲ့သုခကတော့ ဘေးဖယ်နေရုံ။

လူအုပ်ကအတော်များတာမို့ ခိုစာကျွေးမည့်နေရာမှာ ညီညီတို့ခိုစာအရင်ကျွေးနှင့်ကြသည်။ ပြောင်းဆုပ်တစ်ပန်းကန်ပြီးတစ်ပန်းကန် ကျွေးနေရင်းခိုတွေအုံလာလိုက် ပျံထွက်သွားလိုက်ကြနဲ့ ပျော်ဖို့တော့ကောင်းသည်။ ထိုမှအနောက်ဘက်မုခ်ပေါက်ကနေဆို ဘုရားနောက်ဘက်မှာစားသောက်ဆိုင်တွေရှိသေးသည်။ အဲ့ကိုတော့မသွားတော့ဘဲ အရိပ်ကောင်းလှသည့်မန်ကျည်းပင်ကြီး​တွေအောက်ကအုတ်ခုံလေးတွေအောက်မှာပဲ ထိုင်လိုက်ကြသည်။

အစ်ကို့မှာလက်မလည်။ ရန်ကုန်မှာဆိုရင်လူအုပ်ကြီးလျှင် ရှောင်သွားလို့ရသည်။ ခုကလူအုပ်ကြီးတော့ကြီးပါရဲ့။ ဒီတစ်အုပ်ပဲရှိတာမို့ ရိုက်တဲ့သူနဲ့ရိုက်ပြီးမရိုက်တဲ့သူနဲ့မရိုက်ရင် မကောင်းတတ်လို့လားပဲထင်တယ်။ အစ်ကိုပြုံးပြုံးလေးနဲ့ ဓာတ်ပုံတွေအရိုက်ခံနေတာ။

IDOLWhere stories live. Discover now