42 (Uni)

316 33 13
                                    


"Artist-K အဖွဲ့ဝင် မြန်မာပြည်သား Eagle နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မြန်မာပြည်ပြန်လာမည်။ လေးနှစ်ကြာပြီးမှ ပြန်လာခြင်းဖြစ်ပြီး ရုပ်ရှင် ပရောဂျက်တစ်ခုအတွက်ပြန်လာခြင်းဟုသိရ"

ဇေက Facebook ကသတင်းတွေကိုပြမှ
ဒါ့ကြောင့်ကိုးဆိုတာသိတော့သည်။ နိုင်ငံပိုင်
သတင်းပေ့ချ်တွေကမှအစတင်ထားသည်အထိ ကိုယ်ပြန်လာမည့်အကြောင်းကို အရေးပေးတင်ထားကြ၍ ပျော်ရသည်။ မျက်လုံးနဲ့တပ်အပ်မြင်ခဲ့ရသည့် လူအုပ်ကြီးသည်ခုထိယုံနိုင်ဖွယ်ရာမရှိသေး..... ။

"ဝါး.... ဇေ....ငါခုထိမယုံနိုင်သေးဘူး။ လူအုပ်ကြီးက နည်းနည်းနောနောလား။ အဲ့လောက်တောင်များလား"

ဇေ ခေါင်းလေးကိုသာခါမိရင်း စိတ်တွေကိုသယဆွဒဆန့်နေတော့၏။ ဘယ်နှစ်ခါရှိနေပြီလဲ ဒီမေးခွန်းကို​မေးနေတာ။

"မြန်မာနိုင်ငံမှာငါအဲ့လောက်နာမည်ကြီးနေပြီလား။ ဟင် ပြောပါဦး"

"ညီညီရယ်....မင်းမျက်လုံးနဲ့တပ်အပ်မြင်ထားတာတောင် မယုံသေးဘူးလားကွာ။ မင်းမြင်ခဲ့တဲ့လူအုပ်ကြီးကလည်းအမှန်ပဲ။ မင်းလေဆိပ်ဆင်းမှာကို မနက်ကတည်းကစောင့်နေကြတာလည်းအမှန်ပဲ။ မြန်မာပြည်မှာ ဂုဏ်ရည်ညီညီက နိုင်ငံကျော်တွေနဲ့တန်းတူနာမည်ကြီးတယ်ဆိုတာလည်း အမှန်ပဲ။ ရပြီလား"

"ဟားဟား....ပျော်စရာကြီးကွ"

သူ့အပျော်နဲ့သူမို့ စိတ်မရှည်တဲ့လေသံနဲ့ပြောတာလားလို့တောင် ရန်ပြန်မတွေ့နိုင်ရှာ။ ညီညီပျော်တော့လည်းပျော်ချင်စရာပါပဲ။ ကိုယ်တောင်လူအုပ်ကြီးကအဲ့လောက်ကြီးမယ်လို့ထင်မထားဘူး။ ကောင်လေးကတော့ အချစ်ခံရသင့်သည်လေ။

"ဇေ....."

စလာပြန်ပြီ။ သိန်းငှက်မဟုတ်ဘူး တကယ့်သာလိကာ။ အိမ်မြန်မြန်ရောက်မှဖြစ်မယ်။ နားကိုညီးနေတာပဲ။

...........

"ဖေဖေ့"

"အမေ့ အဖေ့"

စင်ဝင်အောက်မှထိုးစိုက်ထားသည့် ကားဘေးတွင် လူငါးယောက်တန်းစီရပ်နေသည်။ နှစ်တွေအများကြီးကြာပြီးမှ အိမ်ပြန်ရသည့် အိမ်ကြီးရှင်သားကိုကြိုဖို့ရာပင်။ ညီညီကဖေဖေ့ကိုဖက်သည်။ ဇေက သူ့အမေနဲ့အဖေကိုဖက်ထားသည်။ ဇေ့မိဘများအနေနဲ့ သူများအိမ်မှာအလုပ်သမားလုပ်မနေသင့်တော့။ ဇေ့တစ်လတစ်လဝင်ငွေနဲ့ဆို အိမ်ကောင်းကောင်းတစ်လုံးတောင်ဝယ်နေလို့ရပေမယ့် အတောင်စုံမှထပျံတာမျိုးမဖြစ်ချင်လို့ဆိုပြီး အိမ်မှာပဲဆက်နေခဲ့တာ။ အလုပ်သမားခေါင်းစဥ်အောက်ကမဟုတ်ဘဲ မိသားစုဝင်ခေါင်းစဥ်အောက်က။

IDOLWhere stories live. Discover now