50 (Uni)

331 21 1
                                    

"ဖုန်းဘာလို့မကိုင်တာလဲကွာ"

မနက်ကတည်းက ဖုန်းတောက်လျှောက်ဆက်နေတာ မကိုင်ဘူး။ မနေ့ကလည်း သူ့အစ်ကိုနဲ့တစ်နေကုန်လည် ညကျမူးအောက်သောက်ပြီးပြန်မလာဘူး။ ကိုယ်ကတော့ စိတ်တွေပူလို့။

လက်ရှိမှာသူက နာမည်ရလာတဲ့ Idol တစ်ယောက်။ သတင်းထောက်တွေ ပါပါရာဇီတွေနဲ့တွေ့ပြီး နောက်က Stalk (နောက်ယောင်ခံလိုက်) ခံရမှာစိုးတာ။ မူးမူးနဲ့ကားများမောင်းနေသလား။ ပြဿနာများရှာနေသေးသလား စိတ်ပူရတာ ညက တစ်ညလုံးအိပ်မရ။

ကိုယ်လာကြိုမယ်ဆိုတာလည်း မကြိုနဲ့တဲ့လေ။ သက်ထင်ကိုခင်တာကလည်းခင်တာပေါ့ ဘာလို့အဲ့လောက်အလိုလိုက်နေရတာလဲ။ နောက်လထဲမှာပဲဆက်တိုက်လာတော့မယ့် အချိန်ဇယားတွေအတွက် အေးဆေးအားမွေးလို့ရအောင်ဆိုပြီး ကုမ္ပဏီကတောင်နားခိုင်းထားတာကို။

မဖြစ်သေးပါဘူး။

ညီညီနဲ့သက်ထင်ကိုမြင်နေရတာ သာမန်ထက်တစ်ခုခုပိုနေသလိုပဲ။ အိုးချင်ထားလို့ အိုးချင်ထိတာကကိစ္စမရှိ။ ပြန်ခွာရတာလွယ်တယ်။ ကြိုးချင်းထားလို့ကြိုးချင်းငြိရင်တော့ ကိစ္စတွေကပိုရှုပ်ထွေးကုန်တော့မှာ။

ညီညီရဲ့အစ်ကိုတစ်ယောက်အနေနဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်အနေနဲ့ မိသားစုဝင်တစ်ယောက်အနေနဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ နောက်ဆုံး အုပ်ထိန်းသူအနေနဲ့တားဆီးရတော့မည်။

ဇေမောင်းလာသည့်ကားလေသည် ညီညီဝယ်ထားသည့်တိုက်ခန်းကွန်ဒိုရှေ့တွင်းရပ်သွားသည်။ ဘာစိတ်ကူးပေါက်၍လည်းတော့မသိ။ အခန်းတစ်ခန်းဝယ်ပေးပါဆိုလို့ ဝယ်ပေးထားရပေမယ့် တစ်ခါမှသွားတာလည်းမမြင်ဘူး။ ညကမှ ဒီအခန်းဆီမှာ အိပ်မယ်ဆိုလို့ မပြင်ရမဆင်ရသေးနဲ့အဆင်ပြေပါ့မလားတွေးမိသေးသည်။

ဇေလာရတယ်ဆိုတာလည်း ကိစ္စရှိလို့။ နို့မို့ သူတို့ဘာသာစိတ်ကြိုက်နားပါစေဆိုပြီး တအားနီးကပ်နေတာကိုမကြိုက်ပေမယ့် လွှတ်ထားပေးမိမှာ။ အိမ်ထဲနေတာမှနားတာမဟုတ်ဘဲ လည်ပတ်သွားလာတာကလည်းစိတ်ကိုအပန်းပြေစေတယ်ဆိုတော့ အဓိကက ညီညီပျော်နေရင်ပြီးရော။

IDOLWhere stories live. Discover now