52 (Uni)

330 32 11
                                    

ညီညီနှင့်အတူပါလာသည့် မန်နေဂျာကောင်လေးနာမည်က ရာဇာမိုးတဲ့​။

"ရာဇာ.....ဇေနဲ့ဖုန်းမပြောဖြစ်ဘူးလား"

ရာဇာကချက်ချင်းပင်ပြန်ဖြေပါသည်။

"ဟုတ်ကဲ့ အမြဲတမ်းပြောဖြစ်ပါတယ်"

"ဟုတ်လား"

ညီညီ ဝမ်းနည်းမိသလိုလိုဖြစ်သွား၏။ ညီညီ့ကို ဇေကတစ်ခါမှဖုန်းမဆက်လို့မေးလိုက်ခြင်းပင်။

ညီညီထင်လိုက်တာက ဇေအလုပ်များနေလို့ ဖုန်းတောင်မဆက်အားဘူးလို့ပေါ့။ ခုတော့ ကိုယ့်ကိုပဲ ရွေးမဆက်တာဖြစ်နေသည်။ သူထည့်ပေးလိုက်တဲ့ မန်နေဂျာကောင်လေးနဲ့တောင် ဖုန်းအမြဲပြောချ်ိန်ရှိတာ ကိုယ့်ဆီတော့တစ်ခါလောက်မဆက်သင့်ဘူးလား။ ဒီကသူ့ဖုန်းကိုဘယ်လောက်တောင်မျှော်နေလိုက်လဲ။ တကယ်ပစ်ထားရက်လိုက်တာ။

"ငါ့ကိုရောမေးသေးလား"

"Eagle အကြောင်းတွေကိုပဲ တင်ပြခိုင်းတာပါ"

"သြော်"

ကိုယ့်အကြောင်းတွေချည်း ပြောကြတဲ့အကြောင်း သိတာတောင် ညီညီမပျော်နိုင်။
ဘယ်ပျော်မလဲ အလုပ်သဘောအရ ကိုယ့်အကြောင်းတွေအစီရင်ခံတဲ့သဘောမျိုးမေးတာကိုး။ လွမ်းလို့သတိရလို့ မေးတာမျိုးမှမဟုတ်တာ။

ဇေ ဘာလို့ဒီလောက်အေးစက်သွားရတာလဲ။

"လေယာဥ်လတ်မှတ်ကို သန်ဘက်ခါဖြတ်ထားပြီးပြီ"

"အင်း"

ညီညီ မြန်မာပြည်မှာ တစ်ပတ်လောက်နေရမယ်ထင်သော်လည်း ငါးရက်သာနေခွင့်ရသည်။ အသွားတစ်ရက်အပြန်တစ်ရက်နဲ့ ပွဲတက်တစ်ရက်ဖယ်လိုက်ရင် အသားတင်နှစ်ရက်သာနေခွင့်ရသည်။ ထိုနှစ်ရက်က တစ်ရက်မှာလည်း အဝတ်အစားနဲ့လိုတာတွေ လိုက်လုပ်နေရတာနဲ့ ကောင်းကောင်းလည်းမနားရ။ ကို့ကိုလည်းအချိန်မပေးရ။

မနေ့က "Falling In Love" Red Carpet ပွဲပြီးသွားလေပြီ။ ထိုနေ့ညကပင်စ၍လွှင့်ရာ ကြည့်ရှုနှုန်းအတန်သင့်သာရ၏။ သို့သော်ကိစ္စမရှိ။ ခုမှနှစ်ပိုင်းသာရှိသေးသည်။ တစ်ယောက်ကိုတစ်ယောက် တဖြည်းဖြည်းလက်ဆင့်ကမ်းကြရင်း ကြည့်ရှုနှုန်းမြင့်လာလိမ့်မည်ဟုထင်သည်။ ကိုယ့်ပရိတ်သတ်တွေရဲ့ Supporting အားကိုယုံပြီးသား။

IDOLWhere stories live. Discover now