24 (Uni)

382 37 4
                                    


"မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကယ်ဒမီပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးကြေငြာခြင်း" 

ယနေ့အတွက် ဆိုရှယ်မီဒီယာခေါင်းစည်းပိုင်းတွင် စိတ်ဝင်စားမှုအမြင့်ဆုံးသတင်းမှာ အကယ်ဒမီပေးပွဲအကြောင်းပင်ဖြစ်လေသည်။

ရုပ်ရှင်အစည်းအရုံးမှ ယမန်နေ့ညက ကြေညာချင်ထုတ်လိုက်ပြီးနောက် နောက်နေ့များမှာတော့ ဆိုရှယ်မီဒီယာတစ်ခွင် ပွက်လောရိုက်ကုန်ကြလေပြီ။ ဒီဇင်ဘာရုံးပိတ်ရက် ကျောင်းပိတ်ရက်ပြီးပြီဆိုတော့ ကျောင်းတွေရုံးတွေမှာ လူတွေပြန်စုံကြမိတဲ့အခါ ပြောစရာစကားက အကယ်ဒမီအကြောင်းပင်ဖြစ်လေသည်။

တိုက်ဆိုင်သောအခါ၊ ဆန္ဒရှိတဲ့အခါ၊ ကြိုက်လွန်းတဲ့အခါသွားရောက်ကြည့်ရှူအားပေးထားခဲ့ကြ
သည့် ရုပ်ရှင်ကားပေါင်းများစွာကို စိတ်ထဲကနေ အကယ်ဒမီတစ်ကြိုပေးကုန်​ကြလေပြီ။ ကိုယ်သွားကြည့်ခဲ့တဲ့ဇာတ်ကားအကြောင်းတွေကို ပြန်ပြောကုန်ကြပြီ။

ဟိုမင်းသားဖန် ဒီမင်းသားဖန် ဟိုမင်းသမီးဖန် ဒီမင်းသမီးဖန်စသဖြင့် ရသင့်သူ​နေရာကို လုကုန်ကြလေပြီ။ စာအရှည်ကြီးတွေနဲ့ ကိုယ်ရ​သွားစေချင်တဲ့သူရဲ့ လုပ်ကွက်ဇာတ်ပုံအစုံကိုဋီကာချဲ့ပြီး ညွှန်းကုန်ကြလေပြီ။

ဒါဖြစ်ရိုးဖြစ်စဥတစ်ခုပါပင်။ 

"ဟဲ့ ဒီပေ့ချ်က မှန်းတဲ့သူတွေကမှန်တတ်တယ်။ မနှစ်ကလည်း တစ်​ဆုပဲလွဲတာ"

"ဟုတ်လား ခုရော ဘယ်သူတွေမှန်းထားလဲ"

"အိန္ဒြာကျော်ဇင် လရဲ့အောက်ဘက်မိုင်အဝေးမှာတဲ့၊ ပြေတီဦး ကမ္မဖလတဲ့၊........ ရောင်စဥ်လှိုင်း ချစ်ရပါသောဒုတိယလူတဲ့"

"ဝိုး.....တို့ရောင်စဥ်လေးရနိုင်တယ်ပေါ့"

"ဒါပေါ့ ဘယ်သူမို့လို့လဲ"

"ငါတော့ ထင်ကိုထင်နေပြီ။ ရောင်စဥ်ရကိုရမှာ"

"နောက်လထဲ မြန်မြန်ရောက်ချင်နေပြီဟယ်"

အတန်းတွင်းကြားနေရတာလည်း ဒီအကြောင်းတွေပါပဲ။

ဇန်နဝါရီလ အစဆုံးရက်မှာပင် ရောင်စဥ်တို့ကျောင်းတွေပြန်ဖွင့်သည်။ ပိတ်ရက်အတွင်း မိမိတို့လုပ်ခဲ့ သွားခဲ့ လည်ခဲ့ ပတ်ခဲ့ စားခဲ့သမျှအကြောင်းအရာတွေနဲ့တင် ပြောမကုန်အောင်တသီကြီးရှိနေတာ ထိုအကြောင်းတွေကိုကျော်ပြီးပြောနေကြတာက ကိုယ့်အကြောင်း။ နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ။ ရက်သက်မှတ်ပေးလိုက်ပြီဆိုတော့ လက်ချိုးရေပြီးစောင့်နေရတော့မှာပေါ့။

IDOLWhere stories live. Discover now