26 (Uni)

342 32 6
                                    

ဇန်နဝါရီ (၂၁) ရက်နေ့။

လကုန်ဖို့ဆိုရင် ဆယ့်ရက်သာလိုတော့သည်။
လကုန်မှ ကိုရီးယားသွားရမယ်သာပြောတာ တကယ်ကသုံးလေးရက်လောက် စောထွက်ရမှာဖြစ်သည်။

မေမေကတော့ နေဖို့စားဖို့ အဆင်သင့်ဖြစ်ပြီတဲ့။ နေတာကတော့ အဘွားတို့အိမ်မှာပဲနေဖြစ်မှာ။ မေမေက ဘယ်လောက်ထိတောင်အပြည့်အစုံလုပ်ပေးထားသလဲဆိုရင် ဟိုဘက်မှာကျောင်းဆက်တက်ဖို့အထိပါ စီစဥ်ပြီးသားဖြစ်၏။
ဒါ့ကြောင့် မြန်မာပြည်မှာနေရဖို့က အများဆုံး ခုနစ်ရက်လောက်သာရှိတော့သည်။

ဒီဘက်မှာကျောင်းအပြောင်းကိစ္စကတော့ ညီညီအများကြီးမလုပ်ရပါ။ ဖေဖေကကျောင်းရဲ့လူကြီးတစ်ယောက်မို့ ဆရာဆရာမတွေကပဲ အကုန်အပြီးအစီးလုပ်ပေးထားပြီဖြစ်သည်။

ကိုရီးယားရောက်သွားပြီးရင်တော့ ဒီကိုပြန်လာရဖို့ဆိုတာမသေချာ။ လာချင်ရင်တောင် မေမေလွှတ်မှာမဟုတ်။ ညီညီကိုယ်တိုင်လည်း ခက်ခက်ခဲခဲချလိုက်ရတဲ့ ကိုယ့်အိပ်မက်အကောင်အထည်ဖော်ဖို့ကိစ္စအတွက် အိပ်မက်တွေမပြည့်မချင်း ပြန်လာမှာမဟုတ်ဟုဆုံးဖြတ်ချက်ချထားပြီးသား။

ထို့ကြောင့် မြန်မာပြည်ကနေမသွားခင်မှာ နှုတ်ဆက်သင့်သူကိုနှုတ်ဆက်ရမည်ဟုတွေးမိသည်။ သို့သော်လည်း ညီညီ့မှာနှုတ်ဆက်ရမည့်သူက အများကြီးရှိမနေပါ။ လက်ချိုးရေလို့ရတဲ့အထဲမှာမှ ကနေ့ အထူးလူနှစ်ယောက်ကို ညစာ
ဧည့်ခံကျွေးမွေးဖို့ ဆိုင်တစ်ဆိုင်တွင် ညိညီချိန်းလိုက်ထားခဲ့၏။ ကိုယ်ကစချိန်းသူဆိုတော့ ကိုယ်ကအရင်ကြိုရောက်နေသည်။

ဆိုင်ကောင်းကောင်းဟုဆိုရာဝယ် ခမ်းနားပြီး Decoration ပိုင်းလည်းဆန်းသစ်၊ သန့်သန့်ပြန့်ပြန့်နဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိ၊ လူလည်းနည်းမည့်ဆိုင်တစ်ခုကို ရွေးထားသည်။ စားစရာတွေကိုတော့ သူတို့လာမှမှာမည်။

"အစ်ကို ... သက်နှင်း.... ဒီမှာ ဒီမှာ"

ဆိုင်ထဲဝင်လာတဲ့ မောင်နှမနှစ်ယောက်ကို လက်လှမ်းပြခေါ်လိုက်သည်။ နှစ်ယောက်စလုံး သန့်ပြန့်ပြီးချောနေလိုက်ကြတာ။ သက်နှင်းဆို ကြက်သွေးရောင်ဂါဝန်လေးနဲ့ ရိုးရိုးရှင်းရှင်းလေး။ အစ်ကိုဆိုလည်း လည်ဝိုင်းအမွေးပွလက်ရှည်အဝါရောင်လေးနဲ့။

IDOLWhere stories live. Discover now