64 (Uni)

443 31 0
                                    

"၂၀၂၆ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီပေးပွဲအခမ်းအနားသို့ အဖွဲ့ဝင်စုံစုံလင်လင်ဖြင့် အမှန်တကယ်တက်ရောက်လာပြီဖြစ်သည့် ကမ္ဘာကျော် K Pop Band Artist-K အဖွဲ့"

ယနေ့အတွက် အကြီးမားဆုံးသောခေါင်းကြီးပိုင်းသတင်းတစ်ခု။

ပြည်သူ့ရင်ပြင်တွင် ရွှေတိဂုံဘုရားကိုနောက်ခံထား၍ ကျင်းပသည့် မြန်မာ့ရုပ်ရှင်အကယ်ဒမီအခမ်းအနားသို့ Artist-K အဖွဲ့ တတိယအကြိမ်မြောက်ဖိတ်ကြားခံခဲ့ရသည်။ အရင်နှစ်တွေက အချိန်ဇယားတွေမအားလပ်သည်မို့ မတက်ဖြစ်ခဲ့ဘဲ ခုနှစ်တော့တက်ဖြစ်ခဲ့သည်။ ပြည်တွင်းနာမည်အကြီးဆုံးပွဲတစ်ခုဖြစ်ကာ နဂိုကြီးပြီးသားအရှိန်အဝါသည် ကမ္ဘာကျော် K Pop Band ဖြစ်သည့် Artist-K အဖွဲ့တက်ရောက်လာသည့်သတင်းအောက်တွင် ပြည်ပနိုင်ငံများထိပျံ့နှံ့သွားသည်။

သတင်းထောက်တွေလည်းအုံလို့။ တက်ရောက်လာသည့် မင်းသားမင်းသမီးများအား ကြိုဆိုသည့် ဧည့်ကြိုများကလည်း ပျားပန်းခတ်နေသည်။ နိုင်ငံကျော်များထဲကမှ ကမ္ဘာကျော်တစ်ဖွဲ့တက်ရောက်လာသည်မို့ တတ်နိုင်သမျှ ဧည့်ဝတ်ကျေပွန်သင့်သည်ဟုဆိုကာ ပေါ့သေးသေးတန်မလုပ်ဝံ့ကြ။ ကော်ဇောနီတလျှောက် မိမိုက်လွန်းသောဒီဇိုင်းဖက်ရှင်များနှင့် ယနေ့ပွဲအတွက်အလှဆုံးဖြစ်အောင်ပြင်တင်လာကြသော အနုပညာရှင်များကလည်း တစ်ယောက်ပြီးတစ်ယောက်။

အကယ်ဒမီရွှေစင်ရုပ်တုကြီးနှစ်ခုကလည်း ဝင်ပေါက်နားတွင် ​လှပစွာမျက်နှာချင်းဆိုင်လျက်။

ကားတစ်စီးထိုးရပ်လာလိုက် လူတွေအုံလိုက်။ အနုပညာရှင်တစ်ယောက်ထွက်လာလိုက် ဓာတ်ပုံတွေဝိုင်းရိုက်လိုက်၊ အင်တာဗျူးလိုက်။ တက်ရောက်လာသည့်အနုပညာရှင်များ၏သတင်းကလည်း Up to date တက်နေကြပြီးသား။

Artist-K အနေနှင့်လည်း တက်ဖြစ်မတက်ဖြစ်ကြားကနေ လျှို့ဝှက်စွာပြန်လာပြီး ကော်ဇောနီပေါ်ခြေချလိုက်မှ "Artist-K ပွဲတက်လာတယ်ဟ"ဆိုပြီး အံ့သြသွားအောင်လုပ်ချလိုက်တာမျိုး။ အဖြူရောင် Suit ကိုယ်စီနှင့် ဖြူလွှလွှနတ်သားလေးခြောက်ယောက် လူ့ပြည်ဆင်းသက်လာသည့်အတိုင်းပင်။

IDOLWhere stories live. Discover now