34 (Uni)

359 35 2
                                    


"Artist-K နဲ့ တွေဆုံခွင့်ရခဲ့တဲ့ မြန်မာ့နိုင်ငံကျော်အဆိုတော် သက်မင်းခန့်ထင်"

"Artist-K နဲ့အတူညစာစားခဲ့သည့်ပုံများကို IG တွင်မျှဝေလိုက်သည့် အဆိုတော်သက်မင်းခန့်ထင်"

"Artist-K အဖွဲ့ဝင် Eagle နဲ့ ညီအစ်ကိုလိုရင်းနှီးသည့် အဆိုတော်သက်မင်းခန့်ထင်"

"Artist-K ၏အမာခံပရိတ်သတ်ဖြစ်ကြောင်း ဂုဏ်ယူစွာပြသလိုက်သည့် အဆိုတော်သက်ထင်တို့မောင်နှမ"

Article ပေါင်းစုံကနေ ခေါင်းစဥ်အမျိုးမျိုးတွင် အဓိက Hightlight ပေးခြင်းခံရတာ သက်ထင်ပင်ဖြစ်လေသည်။

သက်ထင်တင်လိုက်သည့်ပုံများသည် မြန်မာ့
K pop fandom တွေကြားမှာအကြီးကြီးလှုပ်ခတ်သွားပြီး ကိုယ့်အပေါ်အာရုံစိုက်လာကြသည်။ နဂိုကတည်းက ညီညီနဲ့ခင်မင်ရင်းနှီးမှုကြောင့် ကိုယ်ကပါအချစ်ခံအားပေးခံလာရသည့်အပြင် ခုလိုလူချင်းတွေ့လာပြီး တရင်းတနှီးညစာပါစားလာသည့်အခါ သက်ထင်သည်သူတို့အိုင်ဒေါ်လ်နဲ့ရင်းနှီးသူဖြစ်သွားကာ သူတို့အကာအကွယ်ခံအောက် အလိုလိုရောက်သွားသည်။

သက်နှင်းကပါ ဘယ်လိုပါလာလဲဆိုရင် Artist-K မန်ဘာတွေ တစ်ယောက်ချင်းထိုးပေးလိုက်သည့် လက်မှတ်ခြောက်ခုကိုသူ့မှာကြွားမဝရှိနေတာကြောင့်။

လူတစ်ကိုယ်ပါးစပ်တစ်ပေါက်ဆိုတော့ ဖြစ်သမျှအကြောင်းမှာ အကောင်းရောအဆိုးပါပါလာသည်။ သက်ထင်ကဖန်ချုချင်လို့ ညီညီ့ကိုအသုံးချသည်ပေါ့လေ။ အမှန်ဆိုမြန်မာ့အဆိုတော်လောကမှာ အမျိုးသမီးအဆိုတော်ဖန်တွေသာ အပြိုင်အဆိုင်များကြတာ။ ယောက်ျားလေးအဆိုတော်ဖန်တွေအချင်းချင်း Idol နဲ့ပတ်သတ်ပြီးရန်ဖြစ်ကြတယ်ဆိုတာ ခပ်ရှားရှား။

သို့သော် သက်ထင်ကျမှမဖြစ်စဖူးစဖြစ်သည်။
နာမည်ကြီးချင်လို့ ညီညီ့ကိုအချိန်ကိုက်ကပ်တယ်ပေါ့လေ။ သို့သော်လည်း မကြာပါ။ Artist-K
ဖန်တွေရော K pop fandom အသီသီးကရောဝင်အုပ်လိုက်တာ သတင်းထပ်ထွက်မလာတော့။ K pop fandom တွေက သူတို့အချင်းချင်းသာချကြတာ နဂိုကတည်းက ကိုယ့်နိုင်ငံက Idol တစ်ယောက်ထွက်ခဲ့ရင်ဆိုတဲ့စိတ်အခံရှိကြတော့ သူတိူ့အိုင်ဒေါ်လ်နဲ့ပတ်သတ်လာရင်အကုန်စည်းလုံးပြီးသား။

IDOLWhere stories live. Discover now