V5 Prologue

935 21 1
                                    

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
Volume 5 Prologue

အာရေဗျကျွန်းဆွယ်ပေါ်ရှိ ကမ်းခြေတစ်ခုတွင်ဖြစ်သည်။

မတူညီသည့်အလံများကို တပ်ဆင်ထားသည့် ရေတပ်သင်္ဘောအုပ်စုသုံးစုက ပင်လယ်ရေပြင်ကျယ်ထဲတွင် နေရာယူထားကြပြီး ဖိုခနောင့်ဆိုင်ထားကြသည်။

အားလုံးထဲတွင်တော့ အမေရိကန်အလံနှင့်လေယာဥ်တင်သင်္ဘောများနှင့် ဖျက်သင်္ဘောများက အထင်ရှားဆုံးဖြစ်နေပါသည်။ ဥရောပသမဂ္ဂအလံများတပ်ဆင်ထားသည့် သင်္ဘောအုပ်စုကတော့ အနည်းငယ်ပိုသေးသောသင်္ဘောများနှင့်ပြည့်နေပြီး အရေအတွက်ပိုများသည်။ အကျပ်အတည်းကာလတွင် ​​ြဗိတိန်က ဥရောပသမဂ္ဂအတွင်း ပြန်လည်ဝင်ရောက်ပြီး အခြားတော်ဝင်နိုင်ငံများနှင့် မဟာမိတ်ပြန်ဖွဲ့လိုက်၏။ သူတို့၏မဟာမိတ်ခေါင်းဆောင်နေရာက သိပ်မတည်ငြိမ်သော်လည်း ရေတပ်အင်အားအများဆုံးဖြစ်နေသေးသဖြင့် အာရေဗျကျွန်းဆွယ်အရေးတွင်တော့ပြောရေးဆိုခွင့် ရှိနေဆဲပင်။

အခြားအုပ်စုတစ်ခုကတော့ ဟောင်းနွမ်းနေသော ပင်လယ်ဓားပြသင်္ဘောများဖြင့်ပြည့်နေကာ အိုမီဂါအမှတ်တံဆိပ်ကို တပ်ဆင်ထားသည့် မြူတန့်မဟာမိတ်အဖွဲ့ဖြစ်သည်။

သူတို့စစ်သင်္ဘောများက ဟောင်းနွမ်းနေသည့်တိုင် အခြားအုပ်စုနှစ်ခုလုံးက သူတို့ကိုအထင်မသေးရဲကြပေ။ ဗီလိန်မဟာမိတ်က အမေရိကန်၏မီတာလူသား ဖိနှိပ်ရေးအစီအစဥ်စတင်ပြီးနောက် သူတို့ကိုယ်ပိုင် ​မြူတန့်များလွတ်မြောက်ရေး အစီအစဥ်ကိုစတင်ခဲ့သည်။ ထိုအစီအစဥ်နှင့်အတူ နိုင်ငံတချို့ကို သူတို့ဖက်ပါအောင် စည်းရုံးနိုင်ခဲ့ပြီး အမေရိကန်မြူတန့်ထိန်းချုပ်ရေးအစီအစဥ်ကြောင့် ထိခိုက်နစ်နာသူအများစုမှာ မြူတန့်မဟာမိတ်ဘက်သို့ ဘက်ပြောင်းလာကြသည်။

ယခုစစ်သင်္ဘောအုပ်စုကိုလည်း A+ ရေစွမ်းအားပိုင်ရှင် ဆယ်ကျော်သက် အမြွှာမိန်းကလေးနှစ်ယောက်က ဦးဆောင်ထားခြင်းဖြစ်ပြီး အထက်အမိန့်ရသည်နှင့် ကျန်ရေတပ်ဖွဲ့နှစ်ခုလုံးကို လှိုင်းလုံးများအတွင်း နစ်မြုပ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိကြသူများဖြစ်သည်။ ထိုမိန်းကလေးနှစ်ယောက်ပေါင်းစွမ်းအားက S rank အစစ်များနီးနီးရှိပြီး လူကန်ဖရန့်အဖွဲ့နီးပါး အင်အားကြီးမားသည်။ လူကန်ဖရန့်အဖွဲ့မှာ ဟီးရိုးအေးဂျင့်လူကန်၏သေဆုံးခြင်းနှင့် ဖရန့်၏နားလည်ရခက်သော ပျောက်ဆုံးသွားခြင်းတို့ကြောင့် ပျက်စီးသွားပြီးဖြစ်ရာ အိုရှန်နီယာအမြွှာနှစ်ယောက်က သူတို့နေရာကို ဝင်နေရာယူထားသည်။

I just Wanna be Hero, not Heroine (Season 2)Where stories live. Discover now